ဒေါ်နော်အုန်းလှတို့ သုံးဦးအား ထောင်ဒဏ်ချမှတ်ခြင်းအတွက် တရားရုံးသို့ ပြင်ဆင်ချက်တင်သွင်း

By နန့်ခိုင်
17 October 2019
ဒေါ်နော်အုန်းလှတို့ သုံးဦးအား ထောင်ဒဏ်ချမှတ်ခြင်းအတွက် တရားရုံးသို့ ပြင်ဆင်ချက်တင်သွင်း
 ဓာတ်ပုံ - Naw Ohn Hla ( FB)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ။          ။ ကရင်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့မှုအတွက် ကျောက်တံတားမြို့နယ်တရားရုံးမှ ထောင်ဒဏ် ချမှတ်ခဲ့မှုအပေါ်သဘောမတူသောကြောင့် ဒေါ်နော်အုန်းလှတို့ သုံးဦးက (ယနေ့)အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့  ပြင်ဆင်ချက် တင်သွင်းခဲ့သည်။

" ကျွန်မတို့ ပြင်ဆင်ချက်ကို တရားရုံးက လက်ခံလိုက်တယ်။ မနက်ဖြန်အောက်တိုဘာ ၁၈ ရက်နေ့ ၊ ၁၀ နာရီလောက် တရားသူကြီးထံ လျှောက်လွှဲချက်ပေးရမယ်။ ကျွန်မတို့ သုံးယောက်စလုံးလျှောက် လွှဲချက်ပေးရမယ်။ ဒီအပေါ်တရားသူကြီးကတော့ ဆုံးဖြတ်သွားပြီးမှအခြေအနေကိုသိရမယ်"  ဟု ဒေါ်နော်အုန်းလှက ပြောသည်။

 သြဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံအေရှ့တွင် (၆၉) နှစ်မြောက် ကရင်အာဇာ နည်နေ့အခမ်းအနားကို ခွင့်ပြုချက်မရဘဲဦးဆောင် ကျင်းပခဲ့ခြင်းကြောင့် ဒေါ်နော်အုန်းလှအပါအဝင် ကရင်လူငယ် ၂ ဦးတို့အား ကျောက်တံတားရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ၂၀ ဖြင့် အမှုဖွင့် တရားစွဲဆို ခဲ့ပြီးနောက် စက်တင်ဘာ ၂ ရက်နေ့တွင် ကျောက်တံတားတရားရုံးက ထောင်ဒဏ်( ၁၅ ) ရက် ကျခံရန် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။  
“ ဒါကို ကျွန်မတို့ကဥပဒေနဲ့ အညီစပြီး လုပ်ထားခဲ့တာ ဖြစ်တယ်။ နိုင်ငံသားအခွင့်အရေးအရ လုပ် ဆောင်တာ ဖြစ်တယ်။ဒီအပေါ်အခုလို့ ထောင်ဒဏ်ချမှတ်တာလက်မခံဘူး။ ဒါက ထောင်ချမှတ်ရမယ့် လုပ်ငန်းစဉ်မဟုတ်ဘူး။

တိုင်းရင်းသားအခွင့်အရေးတွေကို ချိုးဖောက်ခံရတာ။ NCA ကိုလည်းချိုးဖောက် တာ ကျတယ်။ဒီကိစ္စဥပဒေပါအခွင့်အရေးကို တာဝန်ရှိသူတွေကကျွန်မတို့ကို မတရားလုပ်လို့ ပြင် ဆင်မှုတက်တာဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် အောက်တိုဘာလ ၁၇ ရက်နေ့ရက်စွဲဖြင့် တိုင်ကြားစာတစ်စောင်ကိုလည်း နိုင်ငံတော်သမ္မတ ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ၊ အမျိုးသားလွှတ်တော် ၊ ပြည်သူ့လွှတ်တော် ၊ အမေရိကန်သံရုံး ၊ ကုလသမဂ္ဂသို့ လိပ်မူကာ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။  
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly