ဥရောပရွှေဖိနပ်ဆုကို (၃)နှစ်ဆက် ရယူခဲ့တဲ့ မက်ဆီ

ဥရောပရွှေဖိနပ်ဆုကို (၃)နှစ်ဆက် ရယူခဲ့တဲ့ မက်ဆီ
Photo: EPA

ာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဥရောပလိဂ်တွေမှာ ဂိုးအများဆုံးသွင်းယူနိုင်သူကို ပေးအပ်ချီးမြှင့်တဲ့ ဥရောပ်ရွှေဖိနပ်ဆိုကို (၆)ကြိမ်မြောက်အဖြစ် ဗုဒ္ဓဟူးနေ့က လက်ခံရယူခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ (၃၆)ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဒီဆုကို သမိုင်းတစ်လျှောက်မှာ (၃)နှစ်ဆက်တိုက်ရယူနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။

မက်ဆီရဲ့ ယခုရာသီ ဥရောပရွှေဖိနပ်ကို အနီးကပ်ဆုံး စိန်ခေါ်နိုင်သူကတော့ ပီအက်စ်ဂျီအသင်းရဲ့ အမ်ဘာပေပဲဖြစ်ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားကို မက်ဆီနဲ့အတူ သားတွေဖြစ်တဲ့ သီယာဂိုနဲ့ မာတီယို၊ ဇနီးဖြစ်သူ အန်တိုနီလာတို့ တက်ရောက်ခဲ့ကြပြီး လူးဝစ် ဆွာရက်ဇ်နဲ့ ဂျော်ဒီ အယ်လ်ဘာအပါအဝင် အသင်းဖော်တွေက အားပေးခဲ့ပါတယ်။

မက်ဆီက "ဒီမှာရှိနေကြတဲ့ လူးဝစ်နဲ့ ဂျော်ဒီတို့က ကျနော် ဒီဆုကို ရရှိစေခဲ့တဲ့ အဓိက အကြောင်းအရာအတွေပါ။ ဒီဆုအတွက် ကျနော့်ရဲ့ မိသားစု၊ မန်နေဂျာတွေနဲ့ အသင်းဖော်တွကို ကျေးဇူးအများကြီးတင်ပါတယ်။"

"ကျနော့်အသင်းသာ မရှိရင် ဒီဆုကို တစ်ကြိမ်တောင် ရရှိနိုင်မှာ မဟုတ်ပါဘူး။"လို့ ပြောဆိုသွားခဲ့ပါတယ်။

မက်ဆီဟာ ဥရောပရွှေဖိနပ်ဆိုကို ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီအနေနဲ့ အခုလို ရွှေ့ဖိနပ်ဆုကို (၆)ကြိမ်တိုင် ရယူနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ ကြီးကျယ်တဲ့ ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် (၂)ကြိမ် သာလွန်ခဲ့ပါတယ်။

EGS (European Golden Shoe) လို့ခေါ်တဲ့ ဥရောပရွှေဖိနပ်ဆုကို ၁၉၆၇ ခုနှစ်ကနေ နှစ်စဉ် ချီးမြှင့်လာခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ်မှာတော့ ပေါ်တူဂီ ဂန္တဝင်တိုက်စစ်မှူး အူစီဘီယိုက သွင်းဂိုး (၄၂)ဂိုးနဲ့ ရရှိခဲ့ပါတယ်။

(AFP) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly