ဘိုင်ယန်မှာ ကော်တင်ဟို ခြေစွမ်းပြနေပေမယ့် ဘာစီလိုနာမှာ အနာဂတ် ရှိမနေ

ဘိုင်ယန်မှာ ကော်တင်ဟို ခြေစွမ်းပြနေပေမယ့် ဘာစီလိုနာမှာ အနာဂတ် ရှိမနေ

သတင်းတစ်ပုဒ်အရ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ကလပ်အသင်းဆီ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

ယခုနှစ်ရာသီမှာ ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို တစ်နှစ်အငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ ကော်တင်ဟိုဟာ ဂျာမန်ကလပ်အတွက် ခြေစွမ်းပြကစားနေပြီး အသင်းလူစာရင်းမှာ အဓိကကစားသမားတွေထဲက တစ်ယောက်အဖြစ် သူ့ကိုယ်သူ ရပ်တည်ပြခဲ့ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ ယခုရာသီမှာ ဘိုင်ယန်အတွက် (၈)ပွဲမှာ (၂)ဂိုးသွင်းယူကာ (၃)ဂိုးအထိ ဖန်တီးပေးထားပါတယ်။

ဒါပေမယ့် စပိန်က သတင်းတစ်ပုဒ်အရ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ကလပ်အသင်းဆီ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

ဘာစီလိုနာနဲ့ အငှားစာချုပ်အရ ဘိုင်ယန်ဟာ ရာသီကုန်မှာ အသက် (၂၇)နှစ်အရွယ် ကော်တင်ဟိုကို ပေါင် (၁၀၄)သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိနေပါတယ်။ ဘိုင်ယန်ဟာ ကော်တင်ဟိုနဲ့ အငှားစာချုပ်အတွက် ကနဦးအဖြစ် ပေါင် (၈)သန်း ပေးချေထားရပြီး ကစားသမားအတွက် တစ်နှစ်လုပ်ခလစာ ပေါင် (၁၁)သန်းကိုလည်း ပေးချေသွားရမှာဖြစ်ပါတယ်။စပိန်အားကစားသတင်းစာ AS အရ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ကော်တင်ဟိုကို အပြီးသတ်ဝယ်ယူဖို့ ရာနှုန်းပြည့် စိတ်ဝင်စားခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းက ညှိနှိုင်းသွားဖို့ ပိုပြီး ဆန္ဒရှိလိမ့်မယ်လို့ ဆိုပါတယ်။

တကယ်လို့ ဘိုင်ယန်က ကော်တင်ဟိုကို အပြီးသတ်ဝယ်ယူဖို့ ဆန္ဒမရှိရင်တော့ ဘာစီလိုနာအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှ ခေါ်ယူမယ့် အသင်းကို ရှာဖွေသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘာစီလိုနာက အက်သလက်တီကိုက ဂရစ်ဇ်မန်းကို ဒီရာသီမှာ ခေါ်ယူထားသလို လူငယ်ကစားသမား ဖာတီကလည်း အသင်းမှာရှိနေလို့ ကော်တင်ဟိုရဲ့ အနာဂတ်ဟာ မရောရာမှုတွေ ရှိနေတာဖြစ်ပါတယ်။

ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကို လီဗာပူးလ်ကနေ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီက ပြောင်းရွှေ့ကြေး ပေါင် (၁၄၅)သန်းနဲ့ ရောက်ရှိလာခဲ့သူပါ။ သူဟာ စပိန်ကလပ်အသင်းမှာ ပြိုင်ပွဲစုံ (၃၈)ပွဲ ကစား၊ (၁၁)ဂိုးသွင်း၊ (၅)ဂိုးဖန်တီးနိုင်ခဲ့ပေမယ့်လည်း အသင်းပရိသတ်တွေက ၎င်းကို သဘောမကျဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly