ပုသိမ်တံတား အမှတ် (၂) ကို ၂၀၂၀ခုနှစ် မတ်လအတွင်း အပြီးတည်ဆောက်မည်ဟုသိရ

ပုသိမ်တံတား အမှတ် (၂) ကို ၂၀၂၀ခုနှစ် မတ်လအတွင်း အပြီးတည်ဆောက်မည်ဟုသိရ

ပုသိမ်၊ အောက်တိုဘာ ၁၄။        ။ ၂၀၁၈-၁၉ခုနှစ် ဘတ်ဂျက်တွင် စတင်တည်ဆောက်ခဲ့သော ပုသိမ်တံတား အမှတ်(၂) စီမံကိန်းကို ၂၀၂၀ ခုနှစ် မတ်လ အတွင်း အပြီးတည်ဆောက်ရန် ပြင်ဆင်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးမဲ ဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက ပြောသည်။

“ဒီတံတားကတော့ ဒီဘတ်ဂျက်ထဲမှာ အပြီးတည်ဆောက်မယ်။ဖေဖော်ဝါရီ၊ မတ်လောက်မှာ ပြီးအောင် ဆောင်ရွက်နိုင်မယ်လို့ သူတို့ကပြောတယ်။စောစောပြီးလေ ပြည်သူတွေ ပိုပြီးတော့ အသုံးပြုလို့ရမယ်။အဲ့ဒါနဲ့ ဆက်စပ်ပြီးတော့ ဟိုဘက်မှာ လမ်းတွေလည်း ဆက်ပြီးတော့ ခင်းသင့်တာရှိတယ်။ဒါတွေအတွက် ကျွန်တော် တို့ဘက်က ပြည်ထောင်စုမှာလည်း ဆက်လက်ဆွေးနွေးပေးရမယ့်အရာတွေရှိတယ်” ဟု ဧရာဝတီ တိုင်းဒေသကြီးမဲ ဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက ပြောသည်။

ပုသိမ်မြို့၊အမှတ်-၂တံတားကို ၂၀၁၈-၁၉ခုနှစ် ဘက်ဂျက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊တံတားတည် ဆောက်ရေးအဖွဲ့၄၊တံတားအထူးအဖွဲ့- ၁၆မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၈-၁၉ခုနှစ် ဘက်ဂျက်တွင်တည်ဆောက်ရေးလုပ်ငန်းများ ၂၅ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး ၂၀၁၉-၂၀ ခုနှစ် ဘတ်ဂျက် အတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူရေးလုပ်ငန်းများကို ပြုလုပ်တော့မည်ဟု သိရသည်။

“ပြည်ထောင်စုဘတ်ဂျက်နဲ့သွားမှာပါ။ အဲဒါလည်း ၂၀၁၉-၂၀ဘက်ဂျက်မှာအပြီးလုပ်ဖို့ ပစ်မှတ်ထား ထားပါ တယ်။ သတ်မှတ်ထားတဲ့အတိုင်းပြီးဖို့  တွန်းတွန်းတိုက်တိုက်နဲ့လုပ်မှာပါ။ တင်ဒါခေါ်ဖို့တွေ အမြန်ဆုံး လုပ်ဖို့ လုပ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးကပြောသည်။

ပုသိမ်တံတား အမှတ်(၂)ကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုယ်တိုင် လာရောက်ပန္နက်ချပေးခဲ့သောတံတား ဖြစ်ပြီး  ယခုနှစ်အောက်တိုဘာ ၂၇ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတံတားသည် အ ရှည် ၂၃၁၈ ပေရှိပြီး သံကူကွန်ဂရစ်ဖြင့်တည်ဆောက်ရန် စီစဉ်ထားကြောင်း တည်ဆောက်ရေးလုပ်ငန်းအတွက် ချဉ်းကပ်လမ်း အပါအဝင် ကျပ် ၂၁၁ သန်း ကုန်ကျမည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly