ရွှေ့ပြောင်းဝင်ရောက်သူများကြောင့် ခရိုအေးရှားနယ်စပ်ကို ဟန်ဂေရီ စည်းရိုးကာ

ရွှေ့ပြောင်းဝင်ရောက်သူများကြောင့် ခရိုအေးရှားနယ်စပ်ကို ဟန်ဂေရီ စည်းရိုးကာ

အနောက်ဥရောပသို့ ဦးတည်ရန် နိုင်ငံတွင်းက ဖြတ်ကြသည့် နိုင်ငံဖြတ်ကျော်ရွှေ့ပြောင်းအခြေစိုက်သူများ စီးဝင်မှုကို တားဆီးရန် ဟန်ဂေရီက ခရိုအေးရှားနယ်စပ်ကို ပိတ်လိုက်ပြီဖြစ်သည်။

ရွှေ့ပြောင်းသူများအနေဖြင့် ဆလိုဗီးနီးယားသို့ တိုက်ရိုက်ဦးတည်သွားလိမ့်မည်ဖြစ်ကြောင်း ယခုကဲ့သို့ နယ်စပ်ပိတ်လိုက်ခြင်းနှင့် ပတ်သက်ပြီးပြောသည်။

ဟန်ဂေရီသည် သြစတြီးယားနှင့် ဂျာမနီးသို့ ဦးတည်သည့် အမျိုးသမီးများ အများစုအပါအဝင် ရွှေ့ပြောင်းဝင်ရောက်ကြသူများ အဓိကကူးသန်းဖြတ်သန်းရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ဂရိသို့ နိုင်ငံဖြတ်ကျော်သူများ ဝင်ရောက်မှုကို တားဆီးရေးအတွက် တပ်ဖွဲ့များချထားရန် ဟန်ဂေရီ၏ အစီအစဉ်ကို အီးယူခေါင်းဆောင်များက သဘောတူညီခြင်းမရှိ၍ ယခုကဲ့သို့ နယ်စပ်ပိတ်ခြင်းကို အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

နယ်စပ်စည်းရိုးကာခြင်းကို အောက်တိုဘာ ၁၆ ရက် ညလယ်တွင် စတင်လိုက်ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly