အနောက်ဖက်ကမ်းနှင့် ဂါဇာတို့တွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများ ဖြစ်ပွား

အနောက်ဖက်ကမ်းနှင့် ဂါဇာတို့တွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများ ဖြစ်ပွား

အနောက်ဖက်ကမ်းနှင့် ဂါဇာတို့တွင် အစ္စရေးတို့နှင့် ပါလက်စတိုင်းတို့ကြား ပဋိပက္ခအကြမ်းဖက်မှုသစ်များ ဖြစ်ပွားနေပြီး ပါလက်စတိုင်းသုံးဦး သေဆုံးကြောင်း ပါလက်စတိုင်းတာဝန်ရှိသူများက ပြောသည်။

ဂါဇာနယ်ခြားတွင် အစ္စရေးစစ်တပ်နှင့် ထိပ်တိုက်တွေ့ရာ နှစ်ဦးသေဆုံးရသည်ဟု ကျန်းမာရေးသတင်းရင်းမြစ်က ပြောသည်။

အနောက်ဖက်ကမ်းဖက်တွင်လည်း ပါလက်စတိုင်းတစ်ဦးက စစ်သားတစ်ဦးကို ဓားဖြင့်ထိုးရာ ပစ်ခတ်ခံရသေဆုံးသည်။

ယခုလအတွင်း အစ္စရေးတို့ကို ပါလက်စတိုင်းများက ဓားဖြင့်တိုက်ခိုက်ခြင်းများ နေ့စဉ်ဆိုသလို ဖြစ်ပွားလာပြီးနောက် နှစ်ဖက်ကြား အကြမ်းဖက်ထိပ်တိုက်တွေ့မှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။

ဓားထိုးတိုက်ခိုက်မှုများအတွင်း အစ္စရေးခုနစ်ဦးသေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရသည်။ ဓားဖြင့် တိုက်ခိုက်သူများအပါအဝင် ပါလက်စတိုင်းဖက်က သေဆုံးသူပေါင်း ၃၇ ဦးရှိသည်။

ကုလသမဂ္ဂကလည်း အောက်တိုဘာ ၁၆ ရက်က ယင်းသို့ ပဋိပက္ခများကြောင့် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly