ဂျနီဖာလော်ရင့်စ်၏ ကျားမခွဲခြားဆက်ဆံမှု ဆောင်းပါးကို ဘရက်ဒ်လေးကော့ပါး၊ ဆီအန်နာ မိုင်လာ နှင့် အမ်မာဝပ်ဆင်တို့ ထောက်ခံ

ဂျနီဖာလော်ရင့်စ်၏ ကျားမခွဲခြားဆက်ဆံမှု ဆောင်းပါးကို ဘရက်ဒ်လေးကော့ပါး၊ ဆီအန်နာ မိုင်လာ နှင့် အမ်မာဝပ်ဆင်တို့ ထောက်ခံ

ဟောလီးဝုဒ် ကြယ်ပွင့်များဖြစ်သော ဘရက်ဒ်လေးကော့ပါး၊ ဆီအန်နာ မိုင်လာနှင့် အမ်မာဝပ် ဆင်တို့သည် ရုပ်ရှင်လောကတွင် ကျားမခွဲခြား ဆက်ဆံမှုနှင့် စပ်လျဉ်း၍ ရေးသားထားသော  ဂျနီဖာ လော်ရင့်စ်၏ ဆောင်းပါးကို ထောက်ခံခဲ့ကြသည်။

အသက် ၃၃ နှစ်အရွယ်ရှိ မိုင်လာက ၎င်းနှင့်အတူ တွဲဖက်သရုပ်ဆောင်မည့် မင်းသားထက် အနုပညာကြေး ထက်ဝက်ခန့် နည်းပါးစွာ ရရှိခြင်းကြောင့် သရုပ်ဆောင်ရန် ငြင်းဆိုခဲ့ဖူးကြောင်း  ထုတ်ဖော် ပြောကြားခဲ့သည်။

ကော့ပါးက လော်ရင့်စ်၏ ဆောင်ပါးကို မဖတ်ခင်ကတည်းက ယင်းခံယူချက်ကို ထောက်ခံ ကြောင်း ပြောကြားခဲ့သည်။ ကော့ပါးသည် လော်ရင့်စ်နှင့်အတူ ယခင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီး များတွင် သရုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။

ဂျက်ဆီကာ ခရစ္စတင်း၊ အမ်မာဝပ်ဆင်နှင့် ဒါရိုက်တာ အဲလီဇဘက်ဘန့်ခ်ကဲ့သို့သော မင်းသ မီးများသည် လော်ရင့်စ်၏ ဆောင်ပါးကို ထောက်ခံခဲ့ကြသည်။ ဂျနီဖာလော်ရင့်စ်သည် ၂၀၁၄ ခုနှစ် အကုန်က Sony ကုမ္ပဏီ၏ အီးမေးလ်များ ခိုးယူ ဖွင့်ချခံခဲ့ရပြီးနောက် American Hustle ဇာတ်ကား တွင် အတူ တွဲဖက် သရုပ်ဆောင်သည့် မင်းသား၏ အနုပညာကြေးသည် ၎င်းထက် များနေသည်ကို သိရှိခဲ့ကြောင်း Dunham ဝက်ဘ်ဆိုဒ်တွင် တင်ထားသော ၎င်း၏ ဆောင်ပါးတွင် ရေးသား ဖော်ပြထား သည်။

“မင်းသားတွေဟာ သူတို့တွေ အနုပညာကြေး များများပေးဖို့ ညှိနှိုင်း ဆောင်ရွက်တဲ့အခါ အဆင်ပြေကြတယ်။ ကျွန်မတို့ မင်းသမီး အနုပညာကြေးနဲ့ ပတ်သက်လို့ ပြောတဲ့အခါ ကျွန်မတို့စကား က အရာမဝင်ခဲ့ဘူး” ဟု လော်ရင့်စ်က ပြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly