ဧရာဝတီတိုင်းအတွင်းခရီးသွားလုပ်ငန်းများ ဖော်ထုတ်နိုင်ရန် ပြင်ဆင်နေ

ဧရာဝတီတိုင်းအတွင်းခရီးသွားလုပ်ငန်းများ ဖော်ထုတ်နိုင်ရန် ပြင်ဆင်နေ

ပုသိမ်၊ အောက်တိုဘာ၁၃။        ။ ဧရာဝတီတိုင်းဒေသကြီးတွင်ကမ်း‌ခြေဒေသများ သာမက ကုန်းတွင်းပိုင်းဒေသများကိုပါ ခရီးသွားလုပ်ငန်းများဖော်ထုတ်အကောင်အထည် ဖော်ရန်ဆောင်ရွက်နေကြောင်းဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနကမှ ညွန်ကြားရေးမှူး ဦးဇော်လင်းထွန်း ကပြောသည်။

“ဒေသဆိုင်ရာခရီးလုပ်ငန်းကော်မတီနဲ့ပေါင်းစပ်ပြီးတော့ခရီးစဉ်ဒေသအသစ်တွေကို ဖော်ထုတ်ဖို့ရှိပါတယ်။ အဓိကရည်မှန်းထားတာတော့ ရွှေသောင်ယံကမ်းခြေ၊ဂေါ်ရင်ဂျီကျွန်းပေါ့။ရွှေသောင်ယံမှာတော့ ကျွန်တော် တို့က ကမ်းခြေအလျားလည်းရှည်တယ်။ သဲသောင်ပြင်လည်းလှတယ်။ရေတွေလည်း သန့်ရှင်းကြည့်လင်မှု ရှိတယ်။ ပျက်စီးမှုမရှိသေးပါဘူး။ လက်ရှိမှာလည်း ဟိုတယ်နှစ်လုံးဘဲရှိပါသေးတယ်။ချောင်းသာနဲ့ ရွှေသောင် ယံ ကူးတဲ့တံတားကိုတည်ဆောက်ပြီးဖြစ်လို့ ဖွံဖြိုးဖို့အလာအလားကောင်းပါတယ်။ဖော်ထုတ်ပေးဖို့အတွက် စနစ်တကျလုပ်ဆောင်နေပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနကညွန်ကြားရေးမှူး ဦးဇော်လင်းထွန်း ကပြောသည်။

ထို့သို့အကောင်အထည်ဖော်ေဆောင်ရွက်ရာတွင်လမ်းပန်းဆက်သွယ်ေရေးအခက်အခဲတချို့ရှိနေပြီး လျှပ်စစ်မီး ရရှိမှုအခက်အခဲများလည်းရှိနေကြောင်းသိရသည်။ အဆိုပါအခက်အခဲများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းကာ ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု သိရသည်။“ဂေါ်ရင်ဂျီကျွန်းဒေသကိုဖော်ထုတ်ဖို့ရှိပါတယ်။ ခရီးသွားလုပ်ငန်းအဓိက ကျတဲ့လမ်းပန်းဆက်သွယ်ရေးဟာ ခက်ခဲတဲ့အနေအထားပဲရှိပါသေးတယ်။ တိုင်းဒေသကြီးအစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လျက် ရှိပါတယ်။

လက်ရှိမှာတော့ငရုတ်ကောင်းမြို့နယ်ကနေ ဂေါ်ရင်ဂျီကျွန်းဘက်ကို ကူးဖို့ တံတားတည်ဆောက်ရေး ချဉ်းကပ် လမ်းအတွက်ဘဏ္ဍာငွေလျာထားပြီး ဖြစ်ပါတယ်။ချဉ်းကပ်လမ်းပြီးလို့ တံတားဖောက်ပြီးရင် ဒီဒေသဟာ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်”ဟု ဦးဇော်လင်းထွန်းက ဆက်ပြောသည်။ဧရာဝတီတိုင်းဒေသကြီးတွင်ချောင်းသာ၊ ငွေဆောင်စသော ကမ်းခြေများသို့ ခရီးသွားဝင်ရောက်မှုများ ပုံမှန် ရှိနေပြီးယခုနောက်ပိုင်းတွင် ဂေါ်ရင်ဂျီကျွန်းသို့လည်း ခရီးသွားများ လာရောက်လည်ပတ်မှု တိုးလာခဲ့သည်။လက်ရှိတွင် သက်ဆိုင်ရာအနေဖြင့် ဘိုကလေးမြို့နယ်ရှိ သမီးလှကျွန်း၊ မိန်းမလှကျွန်းတို့ကိုလည်းခရီးသွား ဒေသများအဖြစ်ဖော်ထုတ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly