စိတ်ပူဆုတောင်းပေးကြသူများအတွက် တွေ႕ဆုံပွဲလုပ်မယ့် အဆိုတော်ဖြိုးပြည့်စုံ

စိတ်ပူဆုတောင်းပေးကြသူများအတွက် တွေ႕ဆုံပွဲလုပ်မယ့် အဆိုတော်ဖြိုးပြည့်စုံ
ဓာတ်ပုံ- ဖြိုးပြည့်စုံ ဖေ့စဘွတ်ခ် --

ရန်ကုန်၊ အောက်တိုဘာ ၁၃ ။        ။ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရချိန်မှာ စိတ်ပူဆုတောင်းပေးခဲ့ကြသူများအတွက် ကျေးဇူးတင်စကားများ ပြောကြားဖို့အတွက် တွေ့ဆုံပွဲတစ်ခုကို အဆိုတော်ဖြိုးပြည့်စုံက ပြုလုပ်မယ်လို့သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို အောက်တိုဘာလ၁၅ရက်နေ့၊မွန်လွဲ ၂နာရီမှာ House of Orchid ၌ ပြုလုပ်မယ်လို့ သိရပါတယ်။

“အားလုံးနဲ့ ဆုံတွေ့ပွဲလေးလုပ်ဖို့ ရည်ရွယ်တယ်ဆိုတာကျနော်တို့ အတွက် စိတ်ပူဆုတောင်းကူ ပေးကြတဲ့သူတွေကို ကျေးဇူးတင်ချင်တာအဓိကပါ။ (ဖြစ်တတ်တဲ့သဘောနဲ့ကျနော်တို့တွက် သင်ခန်းစာရယ်၊ ဖြစ်စဉ် ကျဉ်းချုံးလေးရယ်ကို ဘယ်သူ့ဘယ်သူမှ အထင်မလွဲစေပဲအမှန်အတိုင်း ပိုမို နားလည်စေချင်လို့ပါ) ကျနော်၊ ငြိမ်းချမ်းကိုနဲ့ ရော်နီ ၃ယောက်ဆုံဖို့တော့ အချိန်တစ်ခု ရွှေ့လိုက်ရတဲ့အတွက် စာနယ်ဇင်းမီဒီယာ မိတ်ဆွေတွေကိုလည်း ခေတ္တစောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ ဖြိုးပြည့်စုံက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

လူငယ်တေးသံရှင် ဖြိုးပြည့်စုံနဲ့ တေးရေးငြိမ်းချမ်း၊ တေးရေး ရော်နီစန်းလွင်တို့ သုံးဦးကို အောက်တို ဘာ ၇ရက်ညနေပိုင်းက ရန်ကုန်မြို့၊ မြန်မာပလာဇာမှာ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့ သုံးဦးရဲ့ မော်တော်ယာဉ် ယာဉ်နောက်ခန်းထိုင်ခုံပေါ်က ကျောပိုးအိတ်အတွင်းကနေ ပလတ်စတစ်ဘူးနဲ့ ထည့်ထားတဲ့ ကတ်တမင်းဆေးပြား ၁၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁၂၀၀၀ ကျပ်)နဲ့ လက်ကိုင်ဖုန်း ၃ လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိပြီး ဗဟန်းမြို့မရဲစခန်းက မူးယစ်(ပ) ၄၄/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၁၉(က)/၂၁နဲ့ အမှုဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါဆေးပြားများကို ထိုင်းနိုင်ငံက ဝယ်ယူခဲ့ခြဖြစ်တယ်လို့ ဖြိုးပြည့်စုံက ထွက်ဆိုခဲ့ပြီး ထိုသို့ တွေ့ရှိခဲ့သည့် ဆေးပြားများဟာ မူးယစ်ဆေးဝါးဖြစ်၊ မဖြစ်အခြေအနေကို ဓာတုဗေဒဝန်ရုံး CE ရုံးသို့ ဆက်သွယ်စစ်ဆေးခဲ့ရာမှာမူးယစ်ဆေးဝါးမဟုတ်ကြောင်း တွေ့ရှိခဲ့လို့ အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းမှာ အချုပ်မှပြန်လွှတ်လိုက်ခြင်းဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly