နော်ဝေနဲ့ သရေကျတဲ့ပွဲမှာ ကာဆီးလက်စ်ရဲ့ စံချိန်မှတ်တမ်းကို ချိုးခဲ့တဲ့ ရာမို့စ်

နော်ဝေနဲ့ သရေကျတဲ့ပွဲမှာ ကာဆီးလက်စ်ရဲ့ စံချိန်မှတ်တမ်းကို ချိုးခဲ့တဲ့ ရာမို့စ်
Photo: Selección Española de Fútbol

ဆာဂျီယို ရာမို့စ်ဟာ စပိန်အသင်း သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားပေးထားတဲ့ စံချိန်သစ်တစ်ခုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသင်းဖော်ဟောင်း ကာဆီးလက်စ်ရဲ့ (၁၆၇)ပွဲကစားထားတဲ့ စံချိန်ကို ရာမို့စ်က တစ်ပွဲအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။

ရာမို့စ်က စပိန်လက်ရွေးစင်အသင်းအတွက် (၁၆၈)ပွဲနဲ့ ပွဲအများဆုံးကစားပေးခဲ့တဲ့ စံချိန်ကို နော်ဝေအသင်းကို (၁-၁)ဂိုးနဲ့ သရေကျတဲ့ပွဲမှာ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

"ကိုယ်ရေးကိုယ်တာ အားလုံးကတော့ နည်းနည်းလေးကို ဒုတိယဦးစားပေးပေါ့"လို့ ရာမို့စ်က ပွဲအပြီးမှာ ပြောပါတယ်။

"နိုင်ပွဲအတွက်ဆိုရင် ဒီ (၁၆၈)ပွဲဆိုတဲ့ စံချိန်သစ်ကို ပျော်ရွှင်စွာနဲ့ပဲ လဲပစ်လိုက်မှာပါ။ ထားလိုက်ပါတော့။ ဒါပေမယ့် နှစ်ပေါင်းများစွာအပြီးမှာ ဒီစံချိန်သစ်ရခဲ့တာဟာ ကြီးကျယ်တဲ့ ဆုလာဘ်တစ်ခုပါပဲ။ ကြီးမားတဲ့ ဂုဏ်ယူမှုတစ်ခုလည်းဖြစ်ပါတယ်။"

"ဒီအင်္ကျီဝတ်ဆင်တဲ့အချိန်တိုင်း ကျနော် စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ နောင်နှစ်ပေါင်းများစွာတိုင်အောင် ဒီလိုမျိုးဆက်လုပ်နိုင်မယ်လို့ ကျနော် မျှော်လင့်မိပါတယ်။"

အသက် (၃၃)နှစ်အရွယ် စပိန်အသင်းခေါင်းဆောင် ရာမို့စ်ဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ၂၀၀၅ ခုနှစ်မှာ စတင်ပွဲထွက်ကစားခဲ့ပြီး ကမ္ဘာ့ဖလားတစ်ကြိမ်နဲ့ ယူရိုဖလား (၂)ကြိမ် ဆွတ်ခူးခဲ့တဲ့ စပိန်ရွှေရောင်မျိုးဆက်ရဲ့ နောက်ဆုံးကျန်ရှိတဲ့သူတွေက တစ်ယောက်ဖြစ်ပါတယ်။

နောက်ခံလူ ရာမို့စ်အနေနဲ့ အီဂျစ်အသင်းအတွက် ၁၉၉၅ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြား ကစားပေးခဲ့တဲ့ ကွင်းလယ်လူ အာမန် ဟာဆန်ရဲ့ကမ္ဘာ့စံချိန်မှတ်တမ်း (၁၈၄)ပွဲကို ချိုးဖျက်လိုရင်တော့ နောက်ထပ် (၁၆)ပွဲလောက် ကစားရဦးမှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly