မြန်မာဖိုက်တာဖိုးသော် ဒိုင်ပွဲရပ်ဖြင့် ရှုံးပွဲကြုံ

မြန်မာဖိုက်တာဖိုးသော် ဒိုင်ပွဲရပ်ဖြင့် ရှုံးပွဲကြုံ

ONE ချန်ပီယံရှစ် သိုင်းပေါင်းစုံ ရာပြည့်ပွဲ အပိုင်း (၁) ကို အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက ဂျပန်နိုင်ငံ တိုကျိုမှာ စတင်ကျင်းပနေခဲ့ပြီး မြန်မာပြည်က ဘူရှီဒိုဖိုးသော်ဟာ တောင်ကိုရီးယားပြိုင်ဘက်ကစားသမားနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

ဖယ်သာဝိတ်တန်းအဖြစ် ကျင်းပခဲ့တဲ့ ဒီပွဲမှာ မြန်မာဖိုက်တာ ဖိုးသော်ဟာ တောင်ကိုရီးယားကစားသမား ယွန်းချန်မင်းကို ဒိုင်ပွဲရပ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ အောင်လအန်ဆန်ပြီးရင် ပရိတ်သက်အများဆုံးအားပေးခြင်းကို ခံထားရတဲ့ ဖိုးသော်ဟာ MMA ကစားသမားသက်တမ်းတစ်လျှောက်မှာ ဒုတိယမြောက်ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမအချီ အစပိုင်းမှာ ပြိုင်ဘက်ကစားသမားရဲ့ လည်ပင်းကို ချုပ်ပြီးပွဲသိမ်းကစားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကြံ့ခိုင်မှုခြင်းမယှဉ်နိုင်တာေကြာင့် နောက်ပိုင်းမှာ ပြိုင်ဘက်ကစားသမားက ပြန်လည်ချုပ်တာကို ခံရပြီး ပထမအချီမှာပဲ အရှုံးပေးခဲ့ရတာပါ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly