မြန်မာနိုင်ငံမှ ရှားပါးသစ်ခွများကို နိုင်ငံခြားတွင် မျိုးသစ်ဖောက်မှုများ ပြုလုပ်နေ

မြန်မာနိုင်ငံမှ ရှားပါးသစ်ခွများကို နိုင်ငံခြားတွင် မျိုးသစ်ဖောက်မှုများ ပြုလုပ်နေ

အောက်တိုဘာ ၁၂၊ ရန်ကုန်။         ၊ မြန်မာနိုင်ငံမှ ရှားပါးသစ်ခွများကို နိုင်ငံခြားက ဝယ်ယူပြီး မျိုးသစ်ဖောက်ခြင်းများရှိသည်ဟု ပန်းဝါသနာရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစောလွင်က ပြောသည်။

" မြန်မာနိုင်ငံမှာရှိတဲ့သစ်ခွတွေကို တရားမဝင်စုဆောင်းတယ်။ ပြီးတဲ့အခါမှာ နယ်စပ်နဲ့ပိုပြီး သူတို့နိုင်ငံခြားကို ရောက်နိုင်ပါတယ်။ ဘာလို့ဆို တားဆီးမှုက တော်တော်လေးခက်တယ်ပေါ့နော်။ ပြီးတော့မှဒီဟာတွေ ကိုအခြေပြုပြီး တဲ့ အခါမှာ နိုင်ငံခြားက မျိုးတွေပဲ ပြန်မျိုးစပ်တယ်။ နောက် တော့မှ မျိုးသစ်တွေထုတ်လာတာများတယ် " ဟု ဒေါက်တာစောလွင်က ပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံရှိ သစ်ခွမျိုးများအား အခြားနိုင်ငံများမှ မျိုးသစ်ဖောက်ခြင်းသည် မြန်မာနိုင်ငံတွင် ပန်းမျိုးပြန့်ပွားအောင်လုပ်ဆောင်နိုင်သည့် ပညာရှင်နည်းခြင်းကြောင့်ဖြစ်သည်ဟု ပန်းဝါသနာရှင်အသင်းမှ  သင်တန်းဆရာမတစ်ဦးဖြစ်သည့် ဒေါ်မိုးမိုးသာက ပြောသည်။

"ကိုယ်တွေနိုင်ငံရဲ့  အသိပညာနည်းသေးတဲ့သဘောပဲပေါ့။ အဲ့လိုမျိုးတွေ မြန်မာ့သစ်ခွတွေကို ပြည်ပက လာဝယ်တဲ့သူတွေကို ရောင်းတာ အမှန်တော့မျိုးစေ့ကို မထိန်းသိမ်းတတ်ကြတာ။ မျိုးထိန်းသိမ်းမှုမရှိလို့ ပြည်ပက လာဝယ်တယ် ရောင်းတယ်။ အဲ့ရောင်းတဲ့ဟာမှာ မြန်မာပြည်ကနစ်နာတာပေါ့။ ဒီမြန်မာပြည်မှာကျတော့လည်း အဲ့လောက်ထိ မျိုးတွေပြန့်ပွားအောင်လုပ်နိုင်တဲ့ ပညာရှင်နည်းသေးတယ်" ဒေါ်မိုးမိုးသာက ပြောသည်။

ချင်းပြည်နယ်၌ သဘာဝသစ်ခွမျိုးများအား တရားမဝင်စုဆောင်းကာ နယ်စပ်မှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းများရှိနေသည်။ ဒေသခံများအနေဖြင့် ပြည်တွင်းသစ်ခွများအား တန်ဖိုးထားတတ်စေရန်  အတွက် ပန်းဝါသနာရှင်အသင်းနှင့် အခြားNGO အဖွဲ့အစည်းများ ပူးပေါင်းကာ ဟောပြောပွဲများ၊ အသိပညာပေးပွဲများအား လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုသို့ အသိပညာပေးခြင်းများ လုပ်ဆောင်ခဲ့သော်လည်း သဘာဝသစ်ခွမျိုးများအား တရားမဝင်စုဆောင်းကာ ပြည်ပသို့တင်ပို့ခြင်းများ ယခုအချိန်ထိ ရှိနေသေးသည်။ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် လည်း ထိထိရောက်ရောက်အရေးယူခြင်းနှင့်  တားဆီးကာကွယ်ခြင်းများ ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း ပန်းဝါသနာရှင်များက ဆိုသည်။

မြန်မာနိုင်ငံတွင် သစ်ခွမျိုး အရေအတွက် ၈၄၁ မျိုးရှိသည်ဟု သစ်တောဦးစီးဌာနက  တရားဝင်သတ်မှတ်ထားကာ သစ်ခွမျိုးပေါင်း ၁၀၀၀ မှ ၁၅၀၀ကျော်အထိရှိသည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly