ပဲခူးတိုင်းဝန်ကြီးချုပ်၏ စကားများအတွက် NLD ပါတီနှင့် နိုင်ငံတော်အစိုးရမှ အရေးယူပေးရန် တောင်းဆို

ပဲခူးတိုင်းဝန်ကြီးချုပ်၏ စကားများအတွက် NLD ပါတီနှင့် နိုင်ငံတော်အစိုးရမှ အရေးယူပေးရန် တောင်းဆို
Photo - Bago Region Hluttaw Facebook

အောက်တိုဘာလ ၁၂။         ။ ပဲခူးတိုင်းဝန်ကြီးချုပ်၏ စကားများအတွက်  NLD ပါတီ နှင့် နိုင်ငံတော်အစိုးရ မှ အရေးယူပေးရန် အ‌ခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်မှုဆောင် ကော်မတီက အောက်တိုဘာ လ ၁၁ ရက် နေ့တွင် တောင်းဆိုလိုက်သည်။

ပဲခူးတိုင်းဒေသကြီးဝန်ချုပ်သည် အောက်တိုဘာလ ၅ ရက်နေ့  ဒမငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲတွင်ပြောကြားချက်များသည် ပညာရေးဝန်ထမ်း ဆရာမများ အား အကြမ်းဖက်ခံရနိုင်မှု နှင့် ဘဝလုံခြုံရေးကို ထိခိုက်စေသော အားပေးလှုံဆော်သည့် ပြောကြားချက်များ အတွက် သဘောထား ကြောငြာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"အဲဒါကလက်ရှိ ဆရာ၊ဆရာမ တွေကို ရပ်ရွာကလူတွေက မလေးမစားဖြစ်အောင် အနောက်နေပြီး ရည်းစားစကားလိုက်ပြောအောင်၊ ရအောင်ယူအောင် သွေးထိုး အားပေးအားမြှောက်လုပ်တဲ့ စကားလို့ ယူဆတယ်။ အခြေခံပညာမှ ဆရာ၊ဆရာမတွေအနေနဲ့ လက်တွေ့မြေပြင်မှခံစားနေရတဲ့ ဘဝလုံခြံမှုနဲ့ သက်ဆိုင်တဲ့အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်တဲ့အဖြစ်အပျက်တွေကလည်း ရှိနေတယ်။ ဘာကြောင့် ဆရာ၊ဆရာမ တွေအကြမ်းဖက်ခံရအောင် ဘဝလုံခြုံမှုထိပါးခံရအောင် သူက လူငယ်တွေကို အားပေးအားမြှောက်လုပ်တယ်လို ကျွန်တော်တို့ကမြင်တယ်" ဟုအခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂများမှ ဗဟိုအရံကော်မတီ၀င်တစ်ဦးဖြစ်သူ ဦးဖြိုးဝေအောင်က မဇ္စျိမသတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တို့ဘာလ ၅ ရက်နေ့ က ပဲခူးတိုင်းဒေသကြီး ဒမငယ်သစ်ချိုခြံ လူထုတွေ့ဆုံပွဲ တွင် ကျေးရွာလူထုမှ ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ များနေထိုင်ရေးနှင့်ပတ်သက်ပြီး တင်ပြရာ တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ “ဝန်ထမ်းအိမ်ရာ မရှိတာကောင်း ဆရာ၊ဆရာမတွေ ရပ်ထဲ၊ရွာထဲနေတော့ ဒီကရွာသူ၊ရွာသားတွေနှင့် အိမ်ထောင်ကျ၊ အဲဒါမှ ပြန်ပြောင်းမသွားမှ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီး လူငယ်လေးတွေ လည်း ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြ“ဟု ပြောဆိုခဲ့သဖြင့် လူမူကွန်ယက်တွင် ပဲခူးတိုင်း ဝန်ကြီးချုပ်ကို ဝေဖန်မှုများ ပြင်းထန်နေသည်။

"ပါတီကိုပို့မှာ ဒီသတင်းကျွတ်ရုံးပိတ်ရက်ပြီးတာနဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ ပါတီဗဟိုဌာနချုပ်တို့ကို တိုင်ကြားစာတွေ ပို့ဆောင်သွားမှပါ"ဟု ဦးဖြိုးဝေအောင်က ဆက်လက်ပြောသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် ပညာရေးဝန်ထမ်းများအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရေး၊ဝန်ထမ်းအိမ်ရာများ ဆာက်လုပ်ပေးနိုင်ရေးကို အလေးအနက်ထားစီမံဆောင်ပေးရမည့် အစား အမျိုးသမီးပညာရေးဝန်ထမ်းများ အကြမ်းဖမ်ခံရမှု နှင့်ဘဝလုံခြုံမှုကို အချို့သော ရွာသူ၊ရွာသားများမှ ထိပါးနှောင့်ယှက်စေရန် အားပေးလှုံ့ဆော်သည့် စကားများကို ပြောဆိုခဲ့ခြင်းအား ပြင်းထန်စွာကန့်ကွက်ပါကြောင်း နှင့် နိုင်ငံတော်အစိုးရ၊ အကြီးအကဲများအနေဖြင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အားထိရောက်သော အရေးယူမှုပြုလုပ်ပေးရန် တောင်းဆို ကြောင်း ကြော်ညာချက်တွင် ဖော်ပြပါရှိသည်။

ဝန်ထမ်းအိမ်ရာဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြောကြားခဲ့မှုများပေါ်တွင် နစ်နာခဲ့သူများအား အနှုးအညွှတ် တောင်းပန်ပါကြောင်း ပဲခူးဝန်ကြီးချုပ် ဦးဝင်သိန်းက ဒီလမ်းဂျာနယ်သို့ အောက်တိုဘာ ၁၂ ရက်နေ့နေ့လယ်က ပြောကြားထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly