အီသီယိုးပီးယား ဝန်ကြီးချုပ် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ

အီသီယိုးပီးယား ဝန်ကြီးချုပ် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ

အာဒစ်အဘာဘာ၊ အောက်တိုဘာ ၁၂ ။           ။ အီသီယိုးပီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် အာဘီးအာမတ်ဟာ ယခုနှစ် ပေးအပ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို သောကြာနေ့က ချီးမြှင့်ခြင်း ခံရပါတယ်။

အိမ်ချင်းနီးချင်း ရန်ဖက်နိုင်ငံ အီရီထရီးယားနဲ့ ကာလကြာရှည် ထိပ်တိုက်တွေ့နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားလုပ်ဆောင်ချက်တွေကြောင့် ခုလို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

“အာဘီးအာမတ်ကို ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေအတွက် နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်ချီးမြှင့်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ အိမ်နီးချင်း အီရီထရီးယားနိုင်ငံနဲ့ နယ်စပ်ပဋိပက္ခကို ဖြေရှင်းဖို့ ဦးဆုံးဆုံးဖြတ်လုပ်ဆောင်တာအတွက်ပဲ ဖြစ်ပါတယ်။”လို့ နိုဘယ်ကော်မတီက ပြောပါတယ်။

လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ် အာဘီးဟာ အာဏာရှင်ဆန်တဲ့ အုပ်စိုးမှု ၂၅ နှစ်တာက ရုန်းထွက်လာတဲ့ အီသီယိုးပီးယားနိုင်ငံမှာ ၂၀၁၈ ဧပြီကစတင်ပြီး ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး လူမျိုးစုဖြစ်တဲ့ အိုရိုမိုတိုင်းရင်းမျိုးနွယ်ဝင်ဖြစ်ပြီး သူ့မျိုးနွယ်အတွက်လည်း နိုင်ငံတော်အကြီးအကဲနေရာကို ပထမဆုံး ရရှိခြင်းပဲ ဖြစ်ပါတယ်။

အာဘီးဟာ သူ့ရဲ့ ရာထူး ပထမ တစ်နှစ်ခွဲခန့်မှာပဲ အာဖရိကရဲ့ ဒုတိယလူဦးရေးအများဆုံး အီသီယိုးပီးယားနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

   Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly