တရုတ်မှာ မိုးပျံလမ်းတံတားကျိုးကျ၍ လူ သုံးဦးသေဆုံး

တရုတ်မှာ မိုးပျံလမ်းတံတားကျိုးကျ၍ လူ သုံးဦးသေဆုံး

ပေကျင်း၊ အောက်တိုဘာ ၁၂။          ။ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ အဝေးပြေး မိုးပျံလမ်း တံတားတစ်စင်း ကျိုးကျပြီး အောက်က ကားလမ်းပေါ်က ကားတွေပေါ် ပြုတ်ကျမှု ဖြစ်ရာက လူ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့က ပြောပါတယ်။

ကျန်စုပြည်နယ်မှာ ကြာသပတေးနေ့ညက အဆိုပါ တံတားကျိုးကျမှု ဖြစ်ပွားတာဖြစ်ပြီး တံတားရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းဟာ အောက်က ကားလမ်းပေါ် ကျိုးကျပြီး မောင်းနှင်နေတဲ့ ကားတွေပေါ် ပြိုကျတဲ့ ဗီဒီယိုရုပ်သံလည်း အွန်လိုင်းမှာ ပြန့်နှံ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ ဝန်ပိုတင်ဆောင်တဲ့ ထရပ်ကားတစ်စီးကြောင့် ခုလို တံတားကျိုးကျမှု ဖြစ်ရတယ်လို့ ဝူကျိမြို့အုပ်ချုပ်ရေးရုံးက Weibo လူမှုမီဒီယာကနေ ထုတ်ပြန်ပါတယ်။

ပါကင်ထိုးထားတဲ့ ကားအလွတ်တစ်စီးအပါအဝင် ကားသုံးစီးပေါ် တံတားကျိုးကျတာကြောင့် ကျန်ကားနှစ်စီးပေါ်မှာ လိုက်ပါတဲ့ လူသုံးဦး သေဆုံးတာ ဖြစ်တယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တံတားကျိုးကျမှု ဖြစ်ချိန် တံတားပေါ် ထရပ်ကားနှစ်စီးအပါအဝင် ကားသုံးစီး ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီ တံတားကျိုးကျမှုမှာ ဒဏ်ရာရသူနှစ်ဦး ရှိတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းမတော်တဆမှု‌တွေနဲ့ လမ်းမတော်တဆမှုတွေဟာ တရုတ်နိုင်ငံမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly