အခြားပါတီများနှင့် မဟာမိတ်လုပ်မထား ဟု သူရဦးရွှေမန်းပြော

အခြားပါတီများနှင့် မဟာမိတ်လုပ်မထား ဟု သူရဦးရွှေမန်းပြော
ဓာတ်ပုံ - ထွန်းထွန်းဝင်း

အောက်တိုဘာလ ၁၁  ။         ။ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် အာဏာရပါတီ NLD  အပြင်  ကြံခိုင်ရေး ပါတီတို့နှင့်ပါ  မဟာမိတ်ပြုလုပ်ထား ခြင်းမျိုး မရှိကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ  ၏ ခေါင်းဆောင် ဖြစ်သူ သူရဦးရွှေမန်းက သတင်းမီဒီယာများကို ပြောသည်။

"ဖြေမယ်ဆိုရင် NLD နဲ့လည်းမဟာမိတ်ပြုလုပ်မထားဘူး၊ ကြံခိုင်ရေးနဲ့လည်း မဟာမိတ်ပြုလုပ်မထားဘူး။ ဘယ်ပါတီနဲ့မှ မဟာမိတ်ပြုလုပ်ထားတာမျိုးမရှိပါဘူး။သို့သော် နိုင်ငံတော် နဲ့နိုင်ငံသား အကျိုးစီးပွားအတွက် ဆိုရင် မည်သည့်ပါတီ ၊မည်သည့် ပုဂ္ဂိုလ် နဲ့မဆို ညှိနှိုင်းပူးပေါင်း ဆောင်ရွက် မယ်ဆိုတဲ့ မူဝါဒ ဟာ ဘယ်ပါတီနဲ့မှ လည်းရန်သူလို့ သဘောမထားပါဘူး။ နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားအတွက်ဆို မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်နဲ့ မဆို ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မယ်ဆိုတာ မဟာဗျုဟာ၊နည်းဗျူဟာတွေတော့ မဟာမိတ်ပြုလုပ်ထားတယ်လို့ သဘောထားမယ်ဆိုရင် မှန်ပါတယ် " ဟု ပြည်ထောင်စုအကောင်းကျိုးဆောင်ပါတီ ၏ ခေါင်းဆောင်ဖြစ်သူရဦးရွှေမန်း က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပါတီလူငယ်တွေ့ဆုံပွဲ ကို အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ရှိ City Yangon Hotel တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင် သူရဦးရွှေမန်း နှင့် လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

" ပြည်သူတွေရဲ့စိတ်ဝင်စားမှုကတော့ မြင့်တက်နေပါတယ်။ အဲဒီမြင့်တက်မှုကိုဘယ်မှဖော်ပြလဲဆိုတာ သာမန်ပြည်သူတွေ ၊ယခင်ပါတီဟောင်းတွေက လူတွေက လာရောက်ဆက်သွယ် မေးမြန်း ဆွေးနွေးမှုတွေ က
ဖော်ပြနေပါတယ်။ ဒီနေ့လည်း တစ်ခြားပါတီဟောင်းတွေက အဲလိုပဲလာရောက်ပြီးတော့ စိတ်ဝင်စားလို့ဆွေးနွေးတာ ရှိပါတယ်။ သူတို့ရဲ့အကြံပြုချက်၊အတွေးမြင်ေတွက ကောင်းပါတယ်။ အပြုသဘောလည်းဆောင်ပါတယ် ဘယ်လောက်ထိနိုင်မလဲ ၊ရာခိုင်နှုန်းနိုင်မလဲဆိုတာ ပြောဖို့ စောလွန်းနေသော်လည်း လူထူကတော့ စိတ်ဝင်စားမှု မြင့်တက်နေတယ်။တစ်ချို့ပါတီ တွေထဲက လည်းစိတ်ဝင်စားမှုမြင့်တက်ပြီးေတာ့ လာရောက်ဆွေးနွေးမှုများလည်းရှိေနတယ်လို့ပြောကြားချင်ပါတယ် " ဟု သူရဦးရွှေမန်းက ပြောသည်။

တွေ့ဆုံပွဲ တွင် လူငယ်ခေါင်းဆောင်များ ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများ နှင့် အနုပညာရှင်အချို့လည်း တက်ရောက်ခဲ့ကြသည်။ လူငယ်ခေါင်းဆောင်များ က ပါတီ နှင့်သက်ဆိုင်သည့်အကြောင်းအရာများ
လူမူအသိုက်အဝန်းနှင့်သက်ဆိုင်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

" ဘဝအတွေ့အကြုံ ၊စစ်ရေး၊ လူမူရေး အတွေ့အကြံု မြောက်များစွာသော အတွေ့အကြံုတွေ တန်ဖိုးရှိတဲ့လူတွေကြီးပဲ ဖွဲစည်းတည်ဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့မှုဝါဒ ၊ သြဝါဒ ချမှတ်ထားတဲ့လမ်းစဉ်ပေါ်မှပဲ ရိုရိုသေသေ၊လေးလေးစားစား နဲ့လိုက်နာပြီးတော့ ကိုယ်တာဝန်ယူထားတဲ့ အနုပညာပိုင်းဆိုင်ရာ ဆိုရင်အနုပညာပိုင်းဆိုင်ရာနဲ့ ဖျော်ဖြေပေးသွားမယ်။ ဘယ်နေရာကိုပြုလုပ်ခိုင်းမလဲ ဆိုတာမသိသေးပါဘူး။ သူရဦးရွှေမန်းဆိုတဲ့ တစ်ခုတည်းနဲ့ ဒီအဖွဲ့အစည်းကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ဝန်းရံပေးဖို့ ဆုံးဖြတ်လိုက်တာပါ "  ဟု ကောင်းကျိုးဆောင်ပါတီ လူငယ်တွေ့ဆုံပွဲကို တက်ရောက်လာသည့် ရုပ်ရှင်သရုပ်ဆောင် နိုင်လူ က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly