အီကွေဒေါက ဆန္ဒပြပွဲမှာ သေဆုံးတဲ့ မျိုးနွယ်စုခေါင်းဆောင်ကို နာရေး၊ ပဋိပက္ခက အရှိန်မြင့်

အီကွေဒေါက ဆန္ဒပြပွဲမှာ သေဆုံးတဲ့ မျိုးနွယ်စုခေါင်းဆောင်ကို နာရေး၊ ပဋိပက္ခက အရှိန်မြင့်

ကွီတို၊ အောက်တိုဘာ ၁၁  ။           ။ အီကွေဒေါနိုင်ငံ မြို့တော် ကွီတိုမှာ ဒီသီတင်းပတ်အစောပိုင်းက ဆန္ဒပြထိပ်တိုက်တွေ့မှုအတွင်း သေဆုံးတဲ့ တိုင်းရင်းမျိုးနွယ် လူမျိုးစုခေါင်းဆောင် တူကမ်ဘီရဲ့ စျာပနကို လူထောင်သောင်းများစွာ လိုက်ပါပို့ဆောင်ပေးကြပါတယ်။

အောက်တိုဘာ ၂ ရက်က စတင်ဖြစ်ပွားတဲ့ လောင်စာဆီစျေး မြင့်တက်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေမှာ တူကမ်ဘီဟာ ကိုတိုပါဇီပြည်နယ်က မျိုးနွယ်စု ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ဖြစ်ပွားနေဆဲ ဆန္ဒပြမှုတွေဟာ တစ်ခါတစ်ရံ အကြမ်းဖက်မှု အသွင်ကူးပြောင်းပြီး ခုချိန်ထိ အရှိန်မြင့် ဖြစ်ပွားနေတာပါ။

သမ္မတ လီနင်မော်ရီနိုနဲ့ စေ့စပ်ဆွေးနွေးမယ့် ဆွေးနွေးပွဲတွေကို အဓိက လူမျိုးစုခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂျီမီဗာဂတ်စ်က ကြာသပတေးနေ့မှာ ပယ်ချလိုက်ပြီး လောင်စာဆီစျေး တိုးမြှင့်တာကို အမြစ်ကနေ တွန်းလှန်တဲ့ ဆန္ဒပြသမှုတွေ ဆင်နွှဲဖို့ ဆော်သြလိုက်ပါတယ်။

“လူသတ်အစိုးရနဲ့ ဆွေးနွေးပွဲတွေ ရှိမှာ မဟုတ်ဘူး။”လို့ ဗာဂတ်စ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကွီတိုက ဆန္ဒမှုတွေမှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်ပြီး အမျိုးသမီးရဲမေတစ်ဦး အပါအဝင် ရဲဆယ်ဦးကို လူမျိုးစုအုပ်စုတွေက ဖမ်းဆီးခဲ့ပေမယ့် ကြာသပတေးနေ့မှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ထိပ်တိုက်တွေ့မှုတွေအတွင်း လူမျိုးစုခေါင်းဆောင် တူကမ်ဘီ အပါအဝင် သေဆုံးသူ ငါးဦး ရှိနေပါတယ်။ ဒဏ်ရာရသူ ၅၅၀ ကျော်ထက်မနည်း ရှိနေပြီး တစ်ထောင်နီးပါးကို ဖမ်းဆီးထားချိန်မှာပဲ သမ္မတ မော်ရီနိုက ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး မျှော်လင့်ချက်ထားနေဆဲ ဖြစ်ပါတယ်။

အီကွေဒေါနိုင်ငံဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ႔ IMF ရဲ့ ကြွေးမြီကို ဖြေရှင်းနိုင်ရေးအတွက် သမ္မတ မော်ရီနိုအစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုေတွ ဖော်ဆောင်ရာမှာ လောင်စာဆီ အမတော်ကြေး ဖြတ်တောက်တဲ့ အစီအစဉ်ပါ ပါဝင်ပြီး ယင်းကြောင့် လောင်စာဆီစျေးတွေ မြင့်တက်ခဲ့ရာကနေ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly