ဆီးရီးယားမှာ တူရကီရဲ့ ထိုးစစ်ကြောင့် အရပ်သားများစွာ ဘေးလွတ်ရာရှောင်ပြေး

ဆီးရီးယားမှာ တူရကီရဲ့ ထိုးစစ်ကြောင့် အရပ်သားများစွာ ဘေးလွတ်ရာရှောင်ပြေး

 ဒမတ်စကပ်၊ အောက်တိုဘာ ၁၁ ။        ။ ကာ့ဒ်တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားရာ ဆီးရီးယား မြောက်ပိုင်း နယ်မြေတွေကို တူရကီက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်လာတာကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ နေအိမ်တွေ စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးကြပါတယ်။

တူရကီးရဲ့ ဆီးရီးယား ကာ့ဒ်တွေကို လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်လာတဲ့နောက်မှာ ဆီးရီးယားနဲ့ တူရကီနယ်စပ် ကွင်းပြင်တစ်နေရာမှာ ကားတာယာတွေကို မီးရှို့ထားတာကိုလည်း မြင်တွေ့ရပါတယ်။ 

နယ်စပ်မြို့ ရတ်စ်အယ်ငန်းနဲ့ တေအက်ယတ်မြို့တွေကို တူရကီတပ်တွေ ဝိုင်းရံပိတ်ဆို့ထားပြီး အကူအညီပေးရေး အေဂျင်စီတွေက နေရပ်စွန့်ခွာ လူအုပ်လိုက် ထွက်ခွာမှုဟာ ထောင်သောင်းများစွာအထိ ရှိလာလာအတွက် စိုးရိမ်လျက် ရှိနေပါတယ်။ 

တူရကီရဲ့ ခုလို ဆီးရီးယားဆီ ဝင်ရောက်တိုက်ခိုက်တာကို နိုင်ငံတကာက ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။ 

တူရကီကတော့ ကာ့ဒ်စစ်သွေးကြွရဲ့ ရန်က ဘေးကင်းဇုန် ထူထောင်နိုင်ရေးအတွက် ထိုးစစ်ဆင်တာဖြစ်တယ်လို့ ကာကွယ်ပြောပါတယ်။

နယ်စပ်ဧရိယာတွေကို ထိန်းချုပ်ထားတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF မှ ကာ့ဒ်စစ်သွေးကြွတွေဟာ တူရကီကို ဆန့်ကျင်တဲ့ သောင်းကျန်းသူတွေကို ထောက်ပံ့ပေးနေတဲ့ အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ တူရကီက သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 

ဒီအတွက် အဲဒီ နယ်မြေကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပြီးနောက်မှာပဲ တူရကီက ဝင်ရောက်ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly