မြန်​မာအသင်း ​၃ပွဲဆက်​ ရှုံးနိမ်​့၊ အမှတ်​​ပေးဇယား​အောက်​ဆုံးအဆင်​့တွင်​ ​ပေးဂိုး အများဆုံးဖြင်​့ ရပ်​တည်​

မြန်​မာအသင်း ​၃ပွဲဆက်​ ရှုံးနိမ်​့၊ အမှတ်​​ပေးဇယား​အောက်​ဆုံးအဆင်​့တွင်​ ​ပေးဂိုး အများဆုံးဖြင်​့ ရပ်​တည်​

၂၀၂၂ ကမ္ဘ့ာဖလား ခြေစစ်ပွဲ ပွဲစဉ်အဖြစ် ကာဂျစ္စတန်အသင်းနှင့် မြန်မာလက်ရွေးစင်အသင်းတို့ ပွဲစဉ်တွင် မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ​ပေးဂိုး ၇ ဂိုး ဖြင်​့ ကာဂျစ္စတန်​အသင်​းကို ဂိုးပြတ်​ရှုံးနိမ်​့ခဲ့သည်​။ 

ပထမပိုင်​းစတင်​ယှဉ်​ပြိုင်​ချိန်​တွင်​ ကာဂျစ္စတန်​အသင်​းမှဖိအား​ပေးကစားနိုင်​ခဲ့ပြီး အဖွင်​့ဂိုးကို ကာဂျစ္စတန်​သင်​းမှ ပွဲကစားချိန်​ ၄မိနစ်​တွင်​စတင်​သွင်​းယူနိုင်​ခဲ့ခြင်​းဖြစ်​သည်​။ပထမပိုင်​းတွင်​ မြန်​မာအသင်​း​နောက်​ခံလူများ၏အမှားများကျူးလွန်​ခဲ့တာ​ကြောင်​့ ၉မိနစ်​၊ ၂ဝမိနစ်​ ၂၅ မိနစ်​ ၄၄မိနစ်​  တို့တွင်​ ​​ပေးဂိုး ၅ ဂိုးအထိ ခွင်​့ပြုခဲ့ရပြီး မြန်​မာအသင်​းအ​နေဖြင်​့ ဂိုး​ပေါက်​ချိန်​း​ခြောက်​မူ တစ်​ကြိမ်​သာပြုလုပ်​နိုင်​ခဲ့ကာ ကာဂျစ္စတန်​အသင်​း ၏ ဖိအား​ပေးကစားခြင်​းကို ခံခဲ့ရသည်​။

ဒုတိယပိုင်​းဆက်​လက်​ယှဉ်​ပြိုင်​ကစားရာ မြန်​မာအသင်​းအ​နေဖြင်​့ တန်​ပြန်​တိုက်​စစ်​အနည်​းငယ်​သာပြုလုပ်​နိုင်​ခဲ့ပြီး ကာဂျစ္စတန်​ အသင်​း၏ ကစားကွက်​ကိုယှဉ်​ပြိုင်​နိုင်​ခြင်​းမရှိဘဲ ပွဲကစားချိန်​ ၇၁ မိနစ်​တွင်​ ​ထပ်​မံ​ပေးဂိုးခွင်​့ပြုခဲ့ရသည်​။ထို့​နောက်​ ၈၆မိနစ်​အ​ရောက်​တွင်​ ပင်​နယ်တီခွင်​့ပြုခဲ့ရပြီး ကာဂျစ္စတန်​အသင်​းမှ အမှားအယွင်​းမရှိသွင်​းယူနိုင်​ခဲ့သော​ကြောင်​့ မြန်​မာအသင်​းအ​နေဖြင်​့ ​ပေးဂိုး ၇ ဂိုးဖြစ်​ခဲ့သည်​။

မြန်မာလက်ရွေးစင်အသင်းအနေဖြင့် စက်တင်ဘာလ ၆ ရက်နေ့ က ကမ္ဘာဖလားခြေစစ်ပွဲဒုတိယပွဲ အုပ်စုအဖွင့်ပွဲအဖြစ် မွန်ဂိုလီယားအသင်းနှင့် အဝေးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၁) ဖြင့်ရုှံးနိမ့်ခဲ့ပြီး ၊ ဒုတိယပွဲစဉ်အဖြင့် အိမ်ကွင်းသုဝဏ္ဏကွင်းတွင် အာရှအင်အာကြီးဂျပန်အသင်းကို လက်ခံကစားခဲ့ရာ (၀-၂) ဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။ 

မြန်မာအသင်းအနေဖြင့် အုပ်စု(စ) တွင် ၃ ပွဲကစားပြီးချိန်တွင် ရမှတ် သုံးည ၊ ပေးဂိုး ၁၀ ဂိုး ဖြင့် အုပ်စုအောက်ဆုံးအဆင့်တွင် ရပ်တည်နေပြီး တာဂျစ်ကစ်စတန် အသင်းမှ ရမှတ် ၆ မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင် ရပ်​တည်လျှက်​ရှိသည်​။

မြန်မာအသင်းအနေဖြင့် ယခုပွဲစဉ်အပြီးတွင် တာဂျစ်ကစ်စတန် အသင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မန္တလေးမြို့ ၊ မန္တလာသီရီအားကစားကွင်းတွင် လက်ခံယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly