အနောက်ဘက်ကမ်းခြေတွင် ဂျူးအထွတ်အမြတ်နေရာတစ်ခုကို ပါလက်စတိုင်းများက မီးတင်ရှို့

အနောက်ဘက်ကမ်းခြေတွင် ဂျူးအထွတ်အမြတ်နေရာတစ်ခုကို ပါလက်စတိုင်းများက မီးတင်ရှို့

ဂျေရုစလင်၊ အောက်တိုဘာ-၁၆ ။              ။ အစ္စလာမ်အုပ်စု ဟားမက်စ်က အစ္စရေးကို ဆန့်ကျင်အကြမ်းဖက်သည့်နေ့အဖြစ် လှုံ့ဆော်တိုက်တွန်းနေစဉ်မှာပဲ ပါလက်စတိုင်းလူမျိုးများက အနောက်ဘက်ကမ်းခြေအတွင်းရှိ ဂျူးအထွတ်အမြတ်နေရာတစ်ခုကို မီးရှို့လိုက်သောကြောင့် ဒေသအတွင်း ရက်သတ္တနှစ်ပတ်တာ ရုံးသုဉ်းကားဖြစ်မှုမှာ   လျော့ပါးသွားမည့် အရိပ်အယောင် မပြသေးကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အစ္စရေးစစ်တပ်၏ ပြောကြားချက်အရ လူ၁၀၀ခန့်မှာ ပါလက်စတိုင်းမြို့ နတ်ဘလပ်တွင် တည်ရှိသည့် သမ္မာကျမ်းလာဖခင် ဂျိုးဇက်၏ သင်္ချိုင်းဂူရှိရာသို့ တစ်ဟုန်ထိုး ပြေးလာခဲ့ကြသည်ဟု ဆိုသည်။ ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့က ၎င်းတို့ကို တွန်းထုတ်ခဲ့သေးသော်လည်း အုတ်ဂူအစိတ်အပိုင်းများကို မီးမရှို့ရန်မူ တားဆီးလိုက်နိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။

 ‘ကျနော်တို့က ဒီဖြစ်ရပ်ကို အလေးအနက်ထားပြီး မြင့်မြတ်တဲ့နေရာတွေကို တိုက်ခိုက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်။ မီးရှို့သူတွေကို ရှာဖွေဖမ်းဆီးသွားမှာပါ’ဟု အစ္စရေးစစ်တပ်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဂျေရုစလင်နှင့် ကျူးကျော်သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းခြေကို လွှမ်းခြုံထားခဲ့သည့် မငြိမ်သက်မှုမျာ မကြာသေးမီနှစ်များအတွင်း အပြင်းထန်ဆုံးဖြစ်လာခဲ့ပြီး ယခုအချိန်အထိ ပါလက်စတိုင်း ၃၇ယောက်နှင့် အစ္စရေး ၇ယောက် သေဆုံးခဲ့ရပြီဖြစ်သည်။

သေဆုံးသွားသည့် ပါလက်စတိုင်းလူမျိုးများထဲတွင် ဓါးကိုင်ရမ်းကားသူ ၁၀ဦးနှင့် အကြမ်းဖက်ဆန္ဒပြပွဲများအတွင်း အပစ်ခံခဲ့ရသည့် ကလေးသူငယ်များလည်း ပါဝင်သည်ဟု ရဲတပ်ဖွဲ့က   ပြောကြားခဲ့သည်။

အစ္စရေးများမှာမူ လမ်းများ၊ ဘတ်စ်ကားများပေါ်တွင် ကြုံရာကျပန်းတိုက်ခိုက်မှုများအတွင်း အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly