အိုင်အက်စ်ဟု သံသယရှိသူ အစွန်းရောက်တစ်ဦးက အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီးကို ဓားဖြင့် ထိုး

အိုင်အက်စ်ဟု သံသယရှိသူ အစွန်းရောက်တစ်ဦးက အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီးကို ဓားဖြင့် ထိုး

အောက်တိုဘာ ၁၀ ။        ။  အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင်လို့ သံသယရှိတဲ့ အစွန်းရောက်ဝါဒီတစ်ဦးက အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး ဝီရန်တိုကို ဓားဖြင့် ထိုးခဲ့ကြောင်း သိရပါတယ်။

အင်ဒို လုံခြုံရေးဝန်ကြီးဟာ အောက်တိုဘာ ၁၀ ရက်က ဂျာဗားကျွန်း အရှေ့ပိုင်းမြို့တစ်မြို့ကို ရောက်ရှိခဲ့စဉ် ကားထဲကနေ ထွက်လာစဉ်မှာပဲ ခုလို ဓားနဲ့ တိုက်ခိုက်ခံရမှုကြောင့် ဗိုက်မှာ ဓားဒဏ်ရာ နှစ်ချက် ရရှိသွားခဲ့ပါတယ်။

ယင်းတိုက်ခိုက်မှုမှာ အခြား လူသုံးဦးလည်း ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရုပ်သံ ပုံရိပ်တွေအရ ဂျာဗားကျွန်းက တက္ကသိုလ်တစ်ခုအပြင်ဘက် မြေပြင်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို လုံခြုံရေးတွေက ချုပ်နှောင်ထားတာကို တွေ့မြင်ခဲ့ရပါတယ်။

“ ဝန်ကြီးအနားကို လူတစ်ယောက် ကပ်လာပြီး ခုလို လုပ်သွားတာပါ” လို့ အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Dedi Prasetyo က ပြောပါတယ်။ ဒါ့အပြင် ယခုတိုက်ခိုက်မှုအတွက် အမျိုးသား၊ အမျိုးသမီး စုံတွဲကို ဖမ်းဆီးထားကြောင်း ၎င်းက ပြောပါတယ်။

ယင်းနောက်မှာတော့ ဓားထိုးခံရတဲ့ ဝန်ကြီး ဝီရန်တိုကိုတော့ ရဟတ်ယာဉ်နဲ့ မြို့တော် ဂျကာတာကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

၎င်းကို ခွဲစိတ်ကုသမှု လုပ်ရနိုင်ကြောင်း၊ လက်ရှိမှာ သတိလွတ်ခြင်း မရှိဘဲ အခြေအနေက တည်ငြိမ်နေကြောင်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly