အာဖဂန်တွင် တပ်ဖွဲ့ဝင်များ ဆက်လက်ထားရှိမည့် အမေရိကန်၏ဆုံးဖြတ်ချက် ကဘူးလ်ကြိုဆို

အာဖဂန်တွင် တပ်ဖွဲ့ဝင်များ ဆက်လက်ထားရှိမည့် အမေရိကန်၏ဆုံးဖြတ်ချက် ကဘူးလ်ကြိုဆို

ကဘူးလ်၊ အောက်တိုဘာ ၁၆ ။            ။ ၂၀၁၆ခုနှစ် ကျော်အထိ အာဖဂန်နစ္စတန်တွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ ဆက်လက်ထားရှိမည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ကဘူးလ်က ကြိုဆို လိုက်သည်။ ထို့အပြင် သူပုန်များက အမေရိကန်စစ်သားများ ထွက်ခွာသွားသည်အထိ ဂျီဟတ်စစ်ပွဲဆင်နွှဲမည်ဟု ကတိပြုထားသည့်တိုင် သောင်းကျန်းသူတာလီဘန်တို့ကို အင်အားအပြည့်ဖြင့် တုံံ့ပြန်သွာမည်ဟုလည်း ပြောကြားခဲ့သည်။

အာဖဂန်တပ်ဖွဲများအနေဖြင့် ၎င်းတို့ချည်းရပ်တည်ရန် အဆင်သင့်မဖြစ်သေးဟု ဝန်ခံပြီးနောက် လာမည့်နှစ်အထိ အာဖဂန်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၉,၈၀၀ ဆက်လက်ထားရှိရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ဆုံးဖြတ်ချက် အောက်တိုဘာ ၁၅က ထွက်ပေါ်လာခဲ့သည်။ ယင်းသို့ထားရှိမည့် အစီအစဉ်ကို မှန်ရာကိုလုပ်ခြင်း( the right thing to) ဟုခေါ်ဆိုထားသည်။

အာဖဂန်တပ်ဖွဲ့ဝင်များသည် ရှိရန်လိုအပ်သည့် အားကောင်းမှုမျိုးမရှိသေးဟု အိုဘားမားက ဝန်ခံခဲ့သည်။ "စစ်သေနာပတိချုပ်အနေနဲ့ ကျွန်တော်တို့နိုင်ငံကို နောက်တစ်ကြိမ်တိုက်ခိုက်ဖို့ အကြမ်းဖက်သမားတွေအတွက် လုံခြုံတဲ့နေရာတစ်ခုအဖြစ် အာဖဂန်နစ္စတန်ကို အသုံးပြုခွင့်ပေးမှာ မဟုတ်ပါဘူး"ဟု ရုပ်သံမိန့်ခွန်းတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

အိုဘားမား၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အောက်တိုဘာ၁၅ရက်နောက်ပိုင်းက ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။ ယင်းဆုံးဖြတ်ချက်က ငြိမ်းချမ်းရေးတံခါးကို ဆက်လက်၍ ဟစေမည်ဟုလည်း ဖော်ပြခဲ့သည်။ အာဖဂန်သမ္မတ အက်ရှ်ရတ်ဂါနီက ထောက်ခံကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။

အသက်သွေးကြောသဖွယ်အရေးကြီးသော အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများတွင် ဝါနုသော အာဖဂန်တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရာတွင် အမေရိကန်တပ်ဖွဲ့ဝင်များ အခန်းကဏ္ဍ ဆက်လက်လိုအပ်နေမည်ဖြစ်ကြောင်း မကြာသေးမီက ပြင်းထန်သည့်တိုက်ပွဲများက မီးမောင်းထိုးပြလျက်ရှိသည်။

လွန်ခဲ့သည့် သီတင်းနှစ်ပတ်က တာလီဘန်တို့သည် ၂၀၀၁ခုနှစ် အမေရိကန်ဦးဆောင်သည့် ကျူးကျော်မှုနောက်ပိုင်း ၎င်းတို့၏ အကြီးမားဆုံး စစ်ရေးအောင်ပွဲကို ရရှိခဲ့ကြပြီး ကွန်ဒုဇ်မြို့ကို သိမ်းပိုက်ခဲ့ကြသည်။

သို့သော်လည်း အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များ၏ ထောက်ကူမှုဖြင့် အာဖဂန်တပ်ဖွဲ့များက လျင်မြန်စွာ တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ တာလီဘန်တို့ပြန်လည် ဆုတ်ခွာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly