သီတင်းကျွတ်ပိတ်ရက်ကာလ ကားလက်မှတ်များဈေးတင်ရောင်းချပါက ကျပ်ငါးသောင်းမှ တစ်သိန်း အထိ ဒဏ်ရိုက်မည်

သီတင်းကျွတ်ပိတ်ရက်ကာလ ကားလက်မှတ်များဈေးတင်ရောင်းချပါက ကျပ်ငါးသောင်းမှ တစ်သိန်း အထိ ဒဏ်ရိုက်မည်

မန္တလေး အောက်တိုဘာ ၉ ။        ။ မန္တလေးမြို့တွင် သီတင်းကျွတ် ရုံးပိတ်ရက်ကာလ ခရီးသွားများကားလက်မှတ်များကို ဈေးတင် ရောင်းချပါက ကျပ်ငါးသောင်းမှ တစ်သိန်း အထိ ဒဏ်ရိုက်မည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ် လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး)မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး)အနေဖြင့် မန္တလေးမြို့ တွင်သီတင်းကျွတ်ရုံးပိတ်ရက်ကာလ ခရီးသွားများ ကားလက်မှတ်အခက်အခဲမရှိစေရန်နှင့် ကား လက်မှတ် ဈေးတင်ရောင်းခြင်းများမရှိစေရန်အတွက် အသိပေးစာထုတ်ပြန်ထားသည်။

"သတင်းကျွတ်ရုံးပိတ်ရက် ကာလမှာ ခရီးသွားတွေ အခက်အခဲမရှိဖို့ ကြေညာချက်တစ်ခု ထုတ်ထား တယ်။ ကားလက်မှတ်တွေကို ဈေးတင်မရောင်းဖို့ နဲ့ ထိုင်ခုံတွေ ချန်ထားပေးဖို့ တောင်းဆိုထားတယ်။ ကျွန်တော့လက်ထက်မှာတော့ လက်မှတ်ကို ဈေးတင်ရောင်းတာမတွေ့ဖူးဘူး။" ဟု ဦးအောင်ကျော်လင်းက ပြောသည်။

သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် နေရပ်ပြန်မည့်သူများ နှင့် ခရီးသွားမည့်သူများ လက်မှတ်အခက် အခဲများရှိတတ်သည့်အတွက် ကားဂိတ်များတွင် လက်မှတ်များချန်ထားပေးရန်လည်း အသိပေးထား ကြောင်း လက်မှတ်များကို ဈေးတင်ရောင်းခြင်းများကို စစ်ဆေးတွေ့ရှိပါက ငါးသောင်းကျပ်မှတစ်သိန်း ကျပ် အထိ ဒဏ်ငွေရိုက်အရေးယူသွားမည်ဖြစ်ေကြာင်းလည်း သိရသည်။

ထို့အပြင် ခရီးသွားပြည်သူများ အနေဖြင့် လက်မှတ်မရခဲ့ပါက ယာဉ်ရပ်နားစခန်းရှိ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ( အဝေးပြေး )သို့ ချိတ်ဆက်နိုင်ကြောင်း ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ( အဝေးပြေး)အနေဖြင့် လက်မှတ်ရရှိရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

"ဒီလိုစီစဉ်ပေးတာကောင်းပါတယ်။လက်မှတ်တွေက ဟိုတုန်းကတော့ခက်တယ်။အခုဟာက စနစ်လည်းကျတယ်။လွယ်လာတယ်။အရင်ကေတာ့ ဒီလိုသီတင်းကျွတ်တို့ နွေရာသီ ကျောင်းပိတ် ရက်တို့ သင်္ကြန်တို့ဆို အတော်ခက်တယ်။စျေးလည်းများတတ်တယ်။ဒီဘက်နှစ်တွေမှာတော့ အရင်လိုမကြုံတော့ဘူး။"ဟု ကျောင်းပိတ်ရက်များတွင် တာဝန်ကျရာ မန္တလေးမြို့မှ မွေးရပ်မြေ မကွေးမြို့သို့ ပြန်လေ့ရှိသည့် အထက်တန်းပြဆရာမ ဒေါ်ခင်ဝမ်းကပြောသည်။

မန္တလေးမြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်း (၅) ခုရှိပြီး အဝေးပြေးယာဉ်လိုင်းပေါင်း ၅၀၀ ကျော်ရှိ ကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly