Itsuki Hirata ကို တန်ပြန်တိုက်စစ်ဖြင့် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသော Rika Ishige

Itsuki Hirata ကို တန်ပြန်တိုက်စစ်ဖြင့် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသော Rika Ishige

ထိုင်းအားကစားသမား Rika “Tiny Doll” Ishige သည် ONE: CENTURY PART-1 တွင် ၎င်း၏ကစားသမားဘဝတစ်လျှောက် အ ကောင်းဆုံးအခိုက်အတန့်နှင့် ရင်ဆိုင်ကြုံတွေ့ရတော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အသက် ၃၀ အရွယ် Ishige သည် ကိုယ် ခံပညာသိုင်းပေါင်းစုံအားကစားလောက၏ အကြီးကျယ်ဆုံးပြိုင်ပွဲကြီးတွင် ပါဝင်ဆင်နွှဲခွင့်ရရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး အိမ်ရှင် ဂျပန်အားကစား သမား Itsuki “Strong Heart Fighter” Hirata နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Ishige က ဂျပန်ကစားသမားကို ပြိုင်ဘက်ကောင်းတစ်ယောက်ဟု ချီးကျူးထားပြီး ၎င်း၏ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံး ပြိုင်ပွဲဖြစ်လာနိုင်သည်ဟု သုံးသပ်ထားသလို Hirata ၏ဇာတိမြေတွင် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ခက်ခဲလိမ့်မည်ဟုလည်း သုံးသပ် သည်။ သို့သော်လည်း Bangkok Fight Lab နှင့် Tiger Muay Thai အသင်းသား Ishige က အောက်တိုဘာ ၁၃ ရက်တွင် တိုကျိုမြို့၌ ကျင်းပမည့် အမျိုးသမီးအက်တမ်ဝိတ်တန်းတွဲဆိုင်းတွင် စွမ်းဆောင်ရည်ကောင်းပြသကာ နိုင်ပွဲရယူသွားမည်ဟု ပြောသည်။

K-Clann အသင်းသား Hirata သည် ONE အဖွင့်ပွဲစဉ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်က ရှန်ဟိုင်းမြို့တွင်ပြုလုပ်သော ONE: LEGENDARY QUEST ပြိုင်ပွဲ၌ ဖိလစ်ပိုင်အားကစားသမား Angelie “D Explorer” Sabanal ကို ပထမအချီမှာပင် ဦးခေါင်းကို ခြေ ထောက်ဖြင့်ချုပ်ကာ လက်ကိုလိမ်ချိုးသောနည်းဗျူဟာြဖင့် နိုင်ပွဲရရှိခဲ့သည်။ အသက် ၂၀ အရွယ်သာရှိသေးသော Hirata သည် အပျော် တမ်းဘဝတွင် ရလဒ်ကောင်းများရယူခဲ့သလို ပရော်ဖက်ရှင်နယ်အဖြစ် ကူးပြောင်းပြီးနောက် ယှဉ်ပြိုင်သော ၄ ပွဲစလုံးတွင်လည်း ပွဲတိုင်း အနိုင်ရထားသည်။

နပမ်းပြိုင်ပွဲများတွင် အတွေ့အကြုံကောင်းများရရှိထားသော Hirata ၏အားသာချက်မှာ မြေပြင်ချုပ်ကွက်နည်းဗျူဟာဖြစ်ပြီး အကောင်း ဆုံးအသုံးချတတ်သလို ဂျူဒိုနည်းစနစ်ပိုင်းကိုလည်း ကျွမ်းကျင်ပိုင်နိုင်သည်။

“ကျွန်မရဲ့ပြိုင်ဘက်က ဂျူဒိုအရမ်းကောင်းတယ်။ အရမ်းလည်း သန်မာတယ်။ နောက်ပြီး ကျွန်မထက်လည်း အသက်ငယ်ရွယ်သလို ပရို ကစားသမားဘဝမှာလည်း တစ်ခါမှမရှုံးဖူးသေးဘူး။ ဒါကြောင့် သူနဲ့ယှဉ်ပြိုင်မယ့်ပွဲက ကျွန်မဘဝတစ်လျှောက် အခက်ခဲဆုံးပွဲဖြစ်လာမယ် လို့ ပြောနိုင်ပါတယ်” ဟု Ishige က သုံးသပ်သည်။ သို့သော်လည်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအပေါ် အကောင်းဆုံးဖြေရှင်း နိုင်မည်ဟုလည်း ၎င်းက ပြောသည်။

ကစားသမားဘဝတစ်လျှောက် ပြိုင်ဘက်ကောင်းများကို အကောင်းဆုံးကျော်ဖြတ်ကာ နိုင်ပွဲများရယူထားနိုင်သော Ishige က Hirata နှင့်ယှဉ်ပြိုင်ရမည့်တွဲဆိုင်းအတွက် အကောင်းဆုံးပြင်ဆင်ထားသည်ဟုလည်း ဆိုသည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ပြိုင်ပွဲ များမယှဉ်ပြိုင်ဘဲ အကောင်းဆုံးအနားယူထားသော Ishige က တိုကျိုတွင်ပြုလုပ်မည့်ပြိုင်ပွဲတွင် စွမ်းဆောင်ရည်ကောင်းများ ပြသနိုင် မည်ဟု မျှော်လင့်ထားသည်။

“ကျွန်မအတွက် ဖိအားတွေပိုများမယ်ဆိုတာ သေချာသလို ဒိဖိအားတွေအောက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ရဖို့ ကြိုးစားရမယ်။ စိတ်ဓာတ်ကြံ့ခိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမယ်။ ဒါပေမဲ့ ဒီထက်ပိုများတဲ့ဖိအားတွေကိုတော့ လက်ခံသွားမှာမဟုတ်ပါဘူး။ ကျွန်မ ပြိုင် ပွဲတွေ မယှဉ်ပြိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ကျွမ်းကျင်မှုအပိုင်းကို ပိုကောင်းလာအောင် လုပ်ချင်တာကြောင့်ပါ။ ခန္ဓာကိုယ်ကြံ့ ခိုင်မှုပိုင်းရော၊ စိတ်ဓာတ်ကြံ့ခိုင်မှုပိုင်းပါ ပိုကောင်းအောင် ကြိုးစားတယ်။ အခုတော့ ယှဉ်ပြိုင်ပြီးတဲ့ပြိုင်ပွဲတွေထက် ပိုကောင်းတဲ့စွမ်း

ဆောင်ရည်ကိုပြသဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ပြိုင်ပွဲအကြို ပြင်ဆင်ထားမှုများနှင့်ပတ်သက်၍ ၎င်းက ရှင်းပြသည်။

Ishige သည် Hirata ၏ ပွဲသိမ်းလက်နက်များကို တန်ပြန်တိုက်စစ်နည်းဗျူဟာဖြင့်ရင်ဆိုင်ရန်စီစဉ်ထားပြီး မတ်တပ်ရပ်ယှဉ်ပြိုင်မှုပိုင်းကို လည်း အကောင်းဆုံးပြင်ဆင်ထားသည်။ တိုကျိုတွင် စွမ်းဆောင်ရည်ကောင်း ပြသနိုင်ရေးအတွက် Ishige သည် အကောင်းဆုံးမွေထိုင်း အားကစားသမားများနှင့်လည်း အတူလေ့ကျင့်ခဲ့သည်။

“Hirata ရဲ့တိုက်စစ်ကစားပုံက ကျွန်မ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ Nou Srey Pov လောက်တောင် မကောင်းပါဘူး။ ဒါကြောင့် တိုက်စစ်နဲ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် ပင်ပင်ပန်းပန်းလေ့ကျင့်တယ်။ နောက်ပြီး တိုက်ကွမ်ဒိုခံစစ်ကစားပုံကိုလည်း လေ့ကျင့်ထားတယ်။ ဘာကြောင့်လဲဆိုတော့ Hirata က ဂျူဒိုကောင်းသလို အလဲထိုးနိုင်စွမ်းရှိတာကို သိထားလို့ဖြစ်ပါတယ်။ ကျွန်မမှာ ပြင်ဆင်ထားတာတွေရှိ တယ်။ ဘယ်လိုပြင်ဆင်ထားသလဲဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်က ကျွန်မရဲ့ကြိုတင်ပြင်ဆင်မှုတွေ ကို သိသွားမှာစိုးလို့ပါ။ စည်းကမ်းတကျ လေ့ကျင့်ထားတာဖြစ်လို့ အကောင်းဆုံးယှဉ်ပြိုင်နိုင်မှာပါ” ဟု ၎င်းက ပြောသည်။

အသည်းမာမာဖြင့် မကြောက်တမ်းယှဉ်ပြိုင်တတ်သည့်ကစားပုံကြောင့် လာမည့်လတွင်ဆုံတွေ့ကြသည့်အခါ အကျိုးကျေးဇူးများရရှိလာ မည်ဟုလည်း Ishige က အခိုင်အမာ ယုံကြည်နေသည်။ Hirata သည် ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ်သို့ ကူးပြောင်းလာသည်မှာ မကြာသေးသော်လည်း နိုင်ပွဲများ အလွယ်တကူရယူထားသည်။ သို့သော်လည်း အမှားအယွင်းများပြုလုပ်တတ်သော‌ကြောင့် အလွယ်တ ကူအနိုင်ရလိမ့်မည်ဟု Ishige က ပြောသည်။

၎င်းက Hirata မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတွင် နိုင်ပွဲများသာရယူနိုင်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုများလွန်ကဲနိုင် ပြီး မိမိကိုလည်း လျှော့တွက်လာနိုင်သည်ဟု Ishige က ပြိုင်ဘက်၏ စိတ်နေသဘောထားအပေါ် သုံးသပ်ပြောကြားသည်။ ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုတွင်ပြုလုပ်မည့်ပြိုင်ပွဲမှာ Ishige အတွက် ချယ်ရီမြေတွင် ပထမဆုံးယှဉ်ပြိုင်ရမည့်ပြိုင်ပွဲဖြစ်သလို အခြား အရေးကြီးသည့် အကြောင်းအရာလည်း ရှိနေသေးသည်။

ထိုအရာက အခြားမဟုတ်ဘဲ ၎င်းမှာ ထိုင်း-ဂျပန် ကပြားတစ်ဦးဖြစ်နေသောကြောင့်ဖြစ်ပြီး ငယ်စဉ်က ဂျပန်တွင်နေထိုင်ခဲ့သလို မိခင်ဖြစ် သူမှာ လက်ရှိတွင် ဂျပန်၌ နေထိုင်လျက်ရှိသည်။ ONE: CENTURY လို ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲကြီးတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် Ishige က အလွန်ဂုဏ်ယူလျက်ရှိပြီး အခြား ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားများနှင့်အတူ ပရိသတ်အသစ်များ ရှေ့ မှောက် အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသရန် စိတ်ပိုင်းဖြတ်ထားသည်။

ဒုတိယနေအိမ်လိုဖြစ်နေသည့် တိုကျိုမြို့တွင် ယှဉ်ပြိုင်ရမည်ဖြစ်၍ Ishige က ပျော်ရွှင်နေပြီး ရှုံးရှုံးနိုင်နိုင် အားပေးနေသောပရိသတ်များ ကို ကျေးဇူးတင်သည်ဟုလည်း အသိအမှတ်ပြုသည်။ ထို့အပြင် တိုကျိုတွင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အားပေးနေ သောပရိသတ်များ စိတ်ပျက်မသွားစေရန် စွမ်းဆောင်သွားမည်ဟုလည်း Ishige က ကတိပေးခဲ့သည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင်ရှိသော ထိပ်တန်း ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly