အမေရိကန် လုံခြံုရေးအချက်အလက်များကို ဖောက်ထွင်းခိုးယူပြီး IS အုပ်စုထံ ပေးပို့သူကို မလေးရှားရဲက ဖမ်းဆီး

အမေရိကန် လုံခြံုရေးအချက်အလက်များကို ဖောက်ထွင်းခိုးယူပြီး IS အုပ်စုထံ ပေးပို့သူကို မလေးရှားရဲက ဖမ်းဆီး

ကွာလာလမ်ပူ၊ အောက်တိုဘာ - ၁၆ ။           ။ အမေရိကန်လုံခြုံရေးအရာရှိ တစ်ထောင်ကျော်၏ ကိုယ်ရေးအချက်အလက်များကို ဖောက်ထွင်းခိုးယူပြီး တစ်ဦးချင်းကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် အိုင်အက်စ်အကြမ်းဖက်အုပ်စုထံသို့ လွှဲပြောင်းပေးမှုဖြင့် အမျိုးသားတစ်ယောက်ကို မလေးရှားက ဖမ်းဆီးခဲ့သည်။

မြို့တော်ကွာလာလမ်ပူမှ ပုဂ္ဂလိကကျောင်းတစ်ခုတွင် ကွန်ပျူတာသိပ္ပံနှင့် မှုခင်းဆေးပညာကို လေ့လာရန် ၂၀၁၄ခုနှစ် သြဂုတ်လက မလေးရှားသို့ ဝင်ရောက်လာခဲ့သည့် ကိုဆိုဗိုနိုင်ငံမှ အသက်၂၀အရွယ် အမျိုးသားကို အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က အောက်တိုဘာ ၁၅ရက်နေ့ညက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

‘ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ တရားခံဟာ အမေရိကန် လုံခြုံရေးအရာရှိတွေရဲ့ အချက်အလက်အသေးစိတ်တွေ သိမ်းဆည်းထားတဲ့ ဆာဗာတွေကို ဖောက်ထွင်းဖို့ အိုင်အက်စ်အုပ်စုရဲ့ ညာလက်ရုံးခေါင်းဆောင်တစ်ယောက်နဲ့ ဆယ်သွယ်ခဲ့တာကို တွေ့ရှိရတယ်’ဟု မလေးရှားရဲက ပြောကြားခဲ့သည်။

‘နောက်ထပ် တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့အတွက် ဒီအချက်အလက်အသေးစိတ်တွေကို အိုင်အက်စ်အုပ်စုရဲ့ အလုပ်အဖွဲ့ထံ လွှဲပြောင်းခဲ့တယ်’’ဟုလည်း မလေးရှားရဲက ပြောကြားခဲ့သည်။

ကိုဆိုဗိုနိုင်ငံသားနှင့် ထင်ရှားသည့်ဟက်ကာတစ်ယောက်ဖြစ်သည့် အာဒစ် ဖာရီဇီကို အမေရိကန် စစ်ဖက်အရာရှိနှင့် အစိုးရဝန်ထမ်း ၁၃၅၁ယောက်၏ ကိုယ်ရေးအချက်အလက်များကို ဖောက်ထွင်းခိုးယူပြီး အိုင်အက်စ်အုပ်စုထံ လွှဲပြောင်းပေးမှုဖြင့် တရားစွဲထားသည်ဟု အမေရိကန် တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly