ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုကို မာရှယ်နှင့်ပိုချက်တီနိုရရှိ

ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုကို မာရှယ်နှင့်ပိုချက်တီနိုရရှိ

အောက်တိုဘာ ၁၆၊ လန်ဒန် ။           ။ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို မန်ယူတိုက်စစ်မှူး မာရှယ်နှင့် စပါးနည်းပြ ပိုချက်တီနိုတို့ ရရှိသွားကြသည်။

အပြောင်းအရွှေ့နောက်ဆုံးရက်တွင် မန်ယူအသင်းသို့ရောက်လာသည့် မာရှယ်သည် စက်တင်ဘာလအတွင်းပွဲစဉ်များ၌ ခြေစွမ်းပြနိုင်ခဲ့သည်။

ပြင်သစ်ကလပ်မိုနာကိုမှ ပြောင်းရွှေ့ကြေးပေါင် ၃၆ သန်းဖြင့်ရောက်လာသည့် မာရှယ်သည် စက်တင်ဘာလအတွင်း မန်ယူအတွက် သုံးဂိုး သွင်းနိုင်ခဲ့သည်။

လီဗာပူးလ်ကို ၃-၁ ဖြင့်နိုင်သည့်ပွဲတွင် လူစားဝင်ပြီးတစ်ဂိုးသွင်းနိုင်ခဲ့သလို ဆောက်သမ်တန်ကို ၃-၂ ဖြင့်နိုင်သည့်ပွဲတွင်လည်း နှစ်ဂိုးသွင်းနိုင်ခဲ့ သည်။

စပါးနည်းပြပိုချက်တီနိုသည် တစ်လတာအကောင်းဆုံးနည်းပြဆုကို နှစ်ကြိမ်မြောက်အဖြစ်ရရှိခြင်းဖြစ်ပြီး ပထမအကြိမ်မှာ ဆောက်သမ်တန် ကို နည်းပြစဉ်ရရှိခဲ့ခြင်းဖြစ်သည်။

ရာသီအစပွဲတွင် မန်ယူကိုရှုံးပြီးနောက်ပိုင်း ရှုံးပွဲမရှိသေးသော စပါးအသင်းသည် စက်တင်ဘာလအတွင်းတွင် ဆန်းဒါးလန်း၊ ခရစ္စတယ်ပဲလေ့စ် နှင့် မန်စီးတီးတို့ကို ဆက်တိုက်အနိုင်ရထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly