‘နှစ်သန်းပေါင်းများစွာတိုင်ရင်တောင်’ ပိုချက်တီနိုကို စပါးအသင်း ထုတ်ပယ်မှာမဟုတ်ဘူး - တင်မ်ရှားဝုဒ်

‘နှစ်သန်းပေါင်းများစွာတိုင်ရင်တောင်’ ပိုချက်တီနိုကို စပါးအသင်း ထုတ်ပယ်မှာမဟုတ်ဘူး - တင်မ်ရှားဝုဒ်

တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ "နှစ်သန်းပေါင်းများတိုင်ရင်တောင်" ပိုချက်တီနိုကို နည်းပြရာထူးကနေ ထုတ်ပယ်လိမ့်မည်မဟုတ်ကြောင်း အသင်းနည်းပြဟောင်း တင်မ်ရှားဝုဒ်က ပြောဆိုလိုက်ပါတယ်။

ပိုချက်တီနိုဟာ ဒီရာသီအစမှာတော့ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့တပတ်က ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ (၇-၂)ဂိုးနဲ့ ဆိုးဆိုးရွားရွားရှုံးခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ဘရိုက်တန်အသင်းကို (၃-၀)ဂိုးနဲ့ ထပ်ရှုံးခဲ့ပါသေးတယ်။

ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့မှုကြောင့် စပါးအသင်းဟာ ပွဲစဉ် (၈)ပွဲအပြီးမှာ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်အသင်းရဲ့နောက် (၁၃)မှတ်အကွာ အဆင့် (၉)ကို ရောက်သွားပါတယ်။

၂၀၁၄ ခုနှစ်၊ မေလက ပိုချက်တီနိုကို စပါးအသင်း နည်းပြအဖြစ် မခန့်အပ်ခင် (၅)လကြာ အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ တင်မ်ရှားဝုဒ်က အာဂျင်တီးနားလူမျိုးနည်းပြရဲ့ ရာထူးနေရာဟာ စိုးရိမ်မှုမရှိဘဲ လက်ရှိအနေအထားကနေ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

"ဒန်နီယယ် လီဗိုင်း (တော့တင်ဟမ်အသင်း ဥက္ကဋ္ဌ)ဟာ ဘောလုံးရေးရာမှာ လိမ္မာပါးနပ်သူတစ်ယောက်ပါ။ ပိုချက်တီနိုကို ထုတ်ပယ်လိုက်တာ မှန်မယ်ဆိုပြီး သူတွေေးနမယ်လို့ ခင်ဗျားထင်လို့လား။"လို့ ရှားဝုဒ်က tallsSPORT ကို ပြောပါတယ်။

"ပိုချက်တီနိုကို သူ ထုတ်ပယ်လိမ့်မယ်ဆိုတာ မဖြစ်နိုင်ဘူး။ နောက်နှစ်သန်းပေါင်းများစွာတိုင်ရင်တောင် မဖြစ်လာပါဘူးဗျာ။"

"ဒီအချိန်မှာ ပိုချက်တီနိုကိုယ်တိုင်က သူ အသင်းကို ဆက်ပြီး တာဝန်မယူနိုင်တော့ဘူး။ သူ့အနေနဲ့ အသင်းသစ်ကို ပြောင်းရွှေ့ချင်တယ်လို့ ဆုံးဖြတ်မယ်ဆိုရင် သူ  ဒီလိုလုပ်တာဟာ ရူးနေလို့ဖြစ်မယ်လို့ပဲ ကျနော် တွေးမိမှာ။ သူဟာ အသင်းရဲ့ နည်းပြရာထူးအတွက် သင့်တော်မှန်ကုန်သူတစ်ဦးပါ။ ကျနော်ကတော့ သူ့ကို မထွက်ခွာစေချင်ပါဘူး။ ဒီလူကို ကျနော် ချစ်တယ်။ ဘောလုံးကလပ်ကိုလည်း ချစ်ပါတယ်။"

တော့တင်ဟမ်ရဲ့ လာမယ့်ပွဲစဉ်ဟာ နိုင်ငံတကာအားလပ်ရက်တွေအပြီးမှာ အောက်တိုဘာ ၁၉ ရက်မှာ ဝက်ဖို့ဒ်ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly