ရန်ကုန်တိုင်းအစိုးရမှ ထုတ်ရောင်းသည့်မြေကွက်များ အာမခံချက်အပြည့်အဝရှိဟုမြို့တော်ဝန်ဆို

ရန်ကုန်တိုင်းအစိုးရမှ ထုတ်ရောင်းသည့်မြေကွက်များ အာမခံချက်အပြည့်အဝရှိဟုမြို့တော်ဝန်ဆို

ရန်ကုန်တိုင်းအစိုးရမှ ထုတ်ရောင်းသည့်မြေကွက်များ အာမခံချက်အပြည့်အဝရှိဟုမြို့တော်ဝန်ဆို
****************************
" အခုမြေရောင်းတယ်ဆိုတာ YCDC တစ်ယောက်ထဲရောင်းတာမဟုတ်ပါဘူး။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရလည်းပါတယ်။အကုန်လုံးစုပြီး မြေရောင်းမယ့် ကော်မတီ ဖွဲ့ပြီး၊ ရန်ကုန်တိုင်းအစိုးရက မြေရောင်းမယ့် ကော်မတီဖွဲ့ပြီးတော့မှ ကြေညာပြီးတော့မှ သေချာရောင်းတာပါ။ တစ်ခုက လူနေဖို့ ၄၀၊၆၀ နဲ့ရောင်းတယ်။ နောက်တစ်ခုက စက်မူလုပ်ငန်းသုံး အတွက်ပါ။ ဒီဟာတွေကအပိုင်းလိုက်ရောင်းသွားမှပါ။ လူထုကို ကျွန်တော် တို့လက်ထက်မှာ ရောင်းနိုင်ခွင့်ရှိတုန်း ရောင်းပေးတာပါ။ အမြတ်အတွက်ကြောင့်မဟုတ်ဘူး။ မရသေးတဲ့ လူတွေ အိမ်ဆောက်ချင်တဲ့လူတွေ သူတို့ဘဝအတွက် ရည်ရွယ်ပြီးရောင်းတာပါ။ ဒါသည် တစ်ဦးတစ်ယောက် ထဲနဲ့ မဟုတ်ပါဘူး။ အစိုးရအဖွဲ့အစည်း ကရောင်းတဲ့အတွက်ကြောင့်အာမခံချက်ရှိပါတယ် " ဟု ရန်ကုန် စည်ပင်သာယာရေးကော်မတီမှ ဥက္ကဋ္ဌ ဖြစ်သော ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မီဒီယာများကို ဖြေကြားသည်။
ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
သတင်းအပြည့်အစုံ - www.mizzimaburmese.com/article/61102

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly