Myanmar Entrepreneurship Summit 2019 အတွက် ရှင်းလင်း

By လာဘ်ရတနာဗိုလ်
07 October 2019
Myanmar Entrepreneurship Summit 2019 အတွက် ရှင်းလင်း
ဓာတျပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာ ၇ ။         ။ စတုတ္ထအကြိမ်မြောက် Myanmar Entrepreneurship Summit 2019 ကို နိုဝင်ဘာ ၁၆ရက်နေ့တွင် ရန်ကုန်မြို့ရှိ Fortune Plaza ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲအတွက် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၇ ရက်နေ့က UMFCCI တွင် ပြုလုပ်ခဲ့သည်။

"စွန့်ဦးတီထွင်မှုဆိုတဲ့ ရပ်ဝန်းတစ်ခုပေါ်ပေါက်လာဖို့အတွက်ရယ်၊ လူငယ်စွန့်ဦးတီထွင်ရှင်များစွာ ပေါ်ထွက်လာဖို့အတွက်ရယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်စွန့်ဦးတီထွင်တွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်များ ကို နိုင်ငံတော် အစိုးရကနေပြီးတော့မှ ဝိုင်းဝန်းပြီးတော့သိရှိပြီးတော့ ပံ့ပိုးပေးနိုင်ဖို့အတွက်ကို ရည်ရွယ် ပြီးတော့ ကျင်းပရခြင်း ဖြစ်ပါတယ် "ဟု ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နဲ့ပတ်သက်၍ MYEA မှ အတွင်းရေးမှူး ဦးဝင်းထက်မောင်မောင် က ဆိုသည်။

ထိုရှင်းလင်းပွဲကို မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)မှ ဦးဆောင်ကျင်းပ ခြင်း ဖြစ်ပြီး ယခုနှစ်အတွက် themeကို Entrepreneurship 4.0 ဟုသတ်မှတ်ထားကြောင်း Global Entrepreneurshihp Week (GEW2019)၏ ဖွင့်ပွဲအခမ်းအနားကိုMyanmar Entrepreneurship Summit ၏ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ကျင်းပသွားမည်ဟု သိရသည်။

Global Entrepreneurshihp Week(ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ်)ကို မြန်မာနိုင်ငံ တွင် ၂၀၁၃ခုနှစ်မှ စတင်ပြုလုပ်ခဲ့ပြီး၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်ကာ မြန်မာတနိုင်ငံလုံးရှိမြို့ပေါင်း ၃၀ကျော်တွင် အခမ်းအနားပေါင်း ၆၀ကျော်ဖြင့် ကျင်းပခဲ့သည်။

ယခုနှစ်တွင် GEW အခမ်းအနားကို နိုဝင်ဘာလ ၁၆ရက်နေ့မှ ၂၄ရက်နေ့အထိ ပွဲပေါင်း ၃၀ကျော်ဖြင့် ကျင်းပပြုလုပ်မည်ဟုသိရပြီး တက်ရောက်သူဦးရေပေါင်း ၃၀၀၀ မှ ၄၀၀၀ အကြား မျှော်မှန်းထား ကြောင်း MYEA ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ အောင်သူရက ဆိုသည်။

အဆိုပါ Summit တွင် MYEA Start Up Award 2019၊ MYEA Entrepreneur Award 2019 ၊ MYEA Social Entrepreneur Award 2019 ၊ MYEA Inclusive Business Award 2019 နှင့် MYEA Technopreneurship Award 2019 စသည့် ဆုများကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly