‘ပရိသတ်တွေကို တောင်းပန်ပါတယ်... ကျနော်တို့ ပြန်လာပါလိမ့်မယ်။’ - ဒီဂီယာ

‘ပရိသတ်တွေကို တောင်းပန်ပါတယ်... ကျနော်တို့ ပြန်လာပါလိမ့်မယ်။’ - ဒီဂီယာ
Photo: AFP

တနင်္ဂနွေနေ့ညက နယူးကာဆယ်အိမ်ကွင်း စိန့်ဂျိမ်းပတ်မှာ ၁ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီးနောက် ဒေးဗစ် ဒီဂီယာက မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ နယူးကာဆယ်အသင်းအတွက် လောင်းစတပ်ဖ်ရဲ့ ဒုတိယပိုင်း အနိုင်ဂိုးသွင်းအပြီးမှာတော့ ဆိုးလ်ရှားရဲ့ အသင်းဟာ တန်းဆင်းဇုန်အထက် (၂)မှတ်အကွာမှာ ရပ်တည်ခဲ့ရပြီဖြစ်ပါတယ်။ 

ယူနိုက်တက်ဂိုးသမား ဒီဂီယာကတော့ ၂၀၁၁ ခုနှစ်က အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့လာပြီးနောက်ပိုင်း သူ့ရဲ့အတွေ့အကြို့အရ ဒါဟာ အခက်အခဲဆုံးအချိန်ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း အဆိုးဆုံး ရာသီအစကို ဘာကြောင့် ကြုံတွေ့နေရတယ်ဆိုတာကို စပိန်ဂိုးသမားက ရှင်းပြပါတယ်။

"ဟုတ်ကဲ့၊ ကျနော် ဒီနေရာကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ဒါဟာ အခက်အခဲဆုံးအချိန်ဆိုတာ သေချာသလောက်ရှိပါတယ်။"လို့ ဒီဂီယာက Sky Sports ကို ပြောကြားခဲ့ပါတယ်။

"ကျနော် မသိပါဘူး။ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မသိတော့ပါဘူး။ ကျနော်တို့ (၂)ပွဲမှာ တစ်ဂိုးတောင် မသွင်းနိုင်ခဲ့ကြဘူး။

"တစ်ခုခုပြောဖို့ရာကို ခက်ခဲပါတယ်။ ပရိသတ်တွေကို တောင်းပန်ပါတယ်။ ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမှာပါ။ ကျနော်တို့ ပြန်လာပါလိမ့်မယ်။ ဒါပေမယ့် အခုအချိန်မှာ ခက်ခဲ့တဲ့အခြေအနေတစ်ခုမှာ ကျနော်တို့ ရှိနေပါတယ်။

"တစ်ရာသီလုံး မကောင်းမွန်ခဲ့ဘူးလေ။ ဒီတော့ ဆက်သွားမယ်၊ ဆက်လက်တိုက်ပွဲဝင်မယ်။ လာမယ့် ပွဲစဉ်တွေမှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့။

ယူနိုက်တက်တို့ဟာ မတ်လက ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို အရေးနိမ့်ပြီးနောက်ပိုင်း အိုးထရက်ဖို့ဒ်ကနေ အဝေးကွင်းပွဲစဉ်တွေကို အနိုင်ရယူထားခြင်း မရှိသေးပါဘူး။

သူတို့ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် (၈)ပွဲဆက်တိုက် အဝေးကွင်း နိုင်ပွဲရှာမတွေ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နိုင်ငံတကာအားလပ်ရက်အပြီးမှာ လီဗာပူးလ်အသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားရဦးမှာဖြစ်ပါတယ်။

© Agence France-Presse

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly