မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်ဝင်‌ရောက်မှု ရှစ်လအတွင်း တစ်သန်းကျော်ရှိခဲ့

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်ဝင်‌ရောက်မှု ရှစ်လအတွင်း တစ်သန်းကျော်ရှိခဲ့

ရန်ကုန်၊အောက်တိုဘာ ၇။        ။ မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ေရာက်မှုသည် ယခုနှစ်ရှစ်လတာ ကာလအတွင်း တစ်သန်းကျော် အထိရှိခဲ့ပြီး ယခင်နှစ်ဝင်ရောက်ခဲ့မှုထက် ၄၀ရာခိုင်နှုန်း နီးပါး တိုးတက်ခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းမှ သိရသည်။

'ရှစ်လအတွင်းမှာတော့ လေးဆယ်ရာခိုင်နှုန်းနီးပါး တိုးတက်လာတာကို တွေ့ရပါတယ်။ မနှစ်ကစပြီး ဒေသတွင်း နိုင်ငံဈေးကွက်ကို ဉီးတည်ခဲ့တယ်။ ဒါကလဲမှန်ပါတယ်။ ဘယ်နိုင်ငံမဆိုဒေသတွင်းက တိုက်ရိုက်လေကြောင်းလိုင်းတွေ ရှိတယ်။ ခရီးစဉ် အတိုလေးတွေ လုပ်လို့ရတယ်။ ဒါကြောင့် ဒါကိုဉီးတည်ပြီးတော့ ဗီဇာကင်းလွတ်ခွင့် ပေးတဲ့နိုင်ငံတွေကို ပေးခဲ့တယ်။ ဒီအတွက်ကြောင့် အာရှဈေးကွက်က မနှစ်ကထက်အများကြီး တက်လာတာကို တွေ၌ရမှာပါ" ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ဆိုသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ခရီးသွားဝင်ရောက်မှုစာရင်းမှာ၂၀၁၉ ခုနှစ် သြဂုတ်လကုန်အထိ ရှစ်လအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၁ ဒသမ၂သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ယမန်နှစ် ရှစ်လတွင်ခရီးသွားဧည့်သည် ရှစ်သိန်းခြောက်သောင်းကျော်သာဝင်ရောက်ခဲ့သောကြောင့် ယခုနှစ် ပမာဏသည် ယမန်နှစ်ထက် လူဦးရေ ၃သိန်းကျော် တိုးတက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံဟာ လုံခြုံတဲ့ ခရီးစဉ်ဒေသဆိုတာကို ကျွန်မတို့အထဲမှာပဲ ပြောနေလို့မရဘူး။ ကျွန်မတို့အချင်းချင်း သိတယ်။ ဒါပေမယ့် အပြင်မှာသိအောင်လုပ်ပေးရမယ်။ အဲတော့ များများမြှင့်တင် ပေးဖို့လိုမယ်။ များများ လူသိအောင် လုပ်ရမယ်။ လုပ်သွားဖို့လဲရှိပါတယ်"ဟု ၎င်းကဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ၏ နောက် ဆက်တွဲဂယက်များကြောင့် အနောက်နိုင်ငံများမှ ဧည်သည်ဝင်ရောက်မှု လျော့ကျခဲ့သည်။ထိုသို့ လျော့ကျလာမှု ကို ကုစားနိုင်ရန်အတွက် အာရှနိုင်ငံများမှခရီးသွားများ ဝင်ရောက်မှုတိုးတက်လာစေရန် ဗီဇာဖြေလျော့မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံများကိုလည်း မြန်မာအစိုးရကဗီဇာဖြေလျှော့ပေးခဲ့ပြီး  ခရီးသွားဝင်ရောက်မှု မြင့်တက်လာစေရန် ကြိုးပမ်းခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံအလိုက် ခရီးသွားဧည့်သည် ဝင်ရောက်မှုစာရင်းတွင် တရုတ်နိုင်ငံမှ လူဦးရေ လေးသိန်းခွဲကျော်ဖြင့် အများ ဆုံးဝင်ရောက်ခဲ့ပြီး ကိုရီးယားနိုင်ငံမှ ခုနှစ်သောင်းခွဲကျော်၊ ဂျပန်နိုင်ငံမှ ၈သောင်းကျော်ဖြင့် အသီးသီးဝင်ရောက် ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly