ဇနီးနှင့်သား လျှပ်စစ်ဓါတ်လိုက်နေ၍ ဝင်ရောက်ကူညီရာမှ ခင်ပွန်းဖြစ်သူဓါတ်လိုက် သေဆုံး

ဇနီးနှင့်သား လျှပ်စစ်ဓါတ်လိုက်နေ၍ ဝင်ရောက်ကူညီရာမှ ခင်ပွန်းဖြစ်သူဓါတ်လိုက် သေဆုံး

အောက်တိုဘာ ၆ ။     ။ ဇနီးနှင့်သား လျှပ်စစ်ဓါတ်လိုက်နေ၍ ဝင်ရောက်ကူညီရာမှ ခင်ပွန်းဖြစ်သူဓါတ်လိုက် သေဆုံးမှု တစ်ခု  ဖြစ်ပွားခဲ့ကြောင်း မကွေးမြို့မရဲစခန်းက သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက်နေ့ နံနက် ၇နာရီ၃၀မိနစ်ခန့်က မကွေးမြို့ ရွာသစ်ရပ်ကွက် ၁၈လမ်း တွင်နေထိုင်သူ ဦးဇော်ဇော်သည်နေအိမ်မှ အလုပ်သွားရန် ကားဖြင့်ထွက်လာစဉ် နေအိမ်ရှေ့တွင် လျှပ်စစ်မီးကြိုးပြုတ်ကျနေသည်ကို ၎င်းဇနီးဖြစ်သူမှ လက်နှင့်ကိုင်တွယ်ဖယ်ရှားစဉ်  လျှပ်စစ်ဓါတ်လိုက်ခံနေရချိန်  အသက်၁၃နှစ် အရွယ် သားဖြစ်သူက မိခင်ဖြစ်သူကိုဝင်ဆွဲသဖြင့်  သားဖြစ်သူပါ ထပ်မံဓါတ်လိုက်ခံခဲ့ရသည်။ ယင်းအချိန်တွင် ဝင်ရောက်ကူညီသူ ဦးဇော်ဇော်ပါ ဓာတ်လိုက်ခ့ရသဖြင့် ဆေးရုံးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း မကွေးမြို့မ ရဲစခန်းက သိရသည်။

အဆိုပါ ဓာတ်လိုက် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် သေမှုသေခင်းရေးဖွင့်ကာ ဆောင်ရွက်နေကြောင်း ဒုရဲမှူးမိုးဇော်နိုင်က ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly