ထိုင်းမှာ တောင်စောင်းပေါ်က ပြုတ်ကျလုဆဲဆဲ ဖြစ်ခဲ့သည့် ဆင် နှစ်ကောင်ကို ကယ်တင်ရန် ကြိုးပမ်း

ထိုင်းမှာ တောင်စောင်းပေါ်က ပြုတ်ကျလုဆဲဆဲ ဖြစ်ခဲ့သည့် ဆင် နှစ်ကောင်ကို ကယ်တင်ရန် ကြိုးပမ်း

အောက်တိုဘာ ၆ ။            ။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း အမျိုးသား ဥယျာဉ်တစ်ခုအနီး တောင်စောင်းတစ်ခုပေါ်ကနေ အောက်ကို ပြုတ်ကျလုနီးနီး ဖြစ်နေခဲ့တဲ့ ဆင်နှစ်ကောင်ကို ဘေးလွတ်ရာ ကယ်တင်ပေးနိုင်ဖို့ တိရစ္ဆာန် အထူးကျွမ်းကျင်သူ အဖွဲ့တစ်ခုက ကြိုးပမ်းနေလျက် ရှိပါတယ်။

အဆိုပါ ဥယျာဉ်ထဲမှာပဲ အစောပိုင်းက ရေတံခွန်တစ်ခုပေါ်ကနေ ဆင် ခြောက်ကောင် အောက်ကိုပြုတ်ကျပြီး ရေနစ်သေဆုံးသွားခဲ့ပါသေးတယ်။

ယခုအခါ ဒီ ဆင်နှစ်ကောင်ဟာလည်း အောက်ကို ပြုတ်ကျမယ့်အဖြစ်နဲ့ ရင်ဆိုင်နေခဲ့ရပြီးနောက် ယခုလို ကယ်တင်ပေးဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါ ဆင်နှစ်ကောင်ရဲ့ အခြေအနေကို သေချာစစ်ဆေးနေလျက် ရှိကြောင်း၊ ဆင်တွေဟာ တောင်စောင်းပေါ်ကနေ အောက်ကို မကျအောင် ရုန်းကန်ထားခဲ့ရတဲ့အတွက် ခုချိန်မှာ မောပန်းနွမ်းနယ်နေလျက် ရှိကြောင်း ထိုင်း အမျိုးသား ဥယျာဉ်များ ဌာနက ထုတ်ပြန်ပါတယ်။

ဒီ ဆင်နှစ်ကောင်ကတော့ ခုချိန်မှာ ဘေးကင်းတဲ့ ဧရိယာမှာ ရောက်နေပြီ ဆိုပေမယ့် အပြည့်အဝတော့ စိတ်မချရသေးကြောင်း ထိုင်း အစိုးရ အေဂျင်စီက ပြောသွားပါတယ်။

ကနဦးပိုင်းတုန်းက ဆင်ခြောက်ကောင် အောက်ကိုပြုတ်ကျ သေဆုံးသွားခဲ့တဲ့ ရေတံခွန်ကိုတော့ လက်ရှိမှာ အများပြည်သူအတွက် ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly