‘ရီးယဲလ်အတွက် ပထမဆုံးသွင်းဂိုးက ယုံကြည်မှုတွေပေးသွားမှာဖြစ်ပေမယ့် အသင်း အနိုင်ရရှိရေးက ပိုပြီး အရေးကြီးတယ်။’ - ဟာဇက်

‘ရီးယဲလ်အတွက် ပထမဆုံးသွင်းဂိုးက ယုံကြည်မှုတွေပေးသွားမှာဖြစ်ပေမယ့် အသင်း အနိုင်ရရှိရေးက ပိုပြီး အရေးကြီးတယ်။’ - ဟာဇက်
Photos: EPA

ဟာဇက်က ရီးယဲလ်မက်ဒရစ်အတွက် သူ့ရဲ့ပထမဆုံးသွင်းဂိုးဟာ သူ့ကို ယုံကြည်မှုတွေပေးသွားမှာဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးအောင်မြင်မှုထက် အသင်း အနိုင်ရရှိရေးက ပိုပြီး အရေးကြီးတယ်လို့ ပြောဆိုသွားပါတယ်။

ရီးယဲလ်အသင်း တောင်ပံကစားသမား ဟာဇက်ဟာ ပြီးခဲ့တဲ့ နွေရာသီက ချယ်လ်ဆီးအသင်းကနေ ရောက်ရှိလာပြီးနောက် အသင်းသစ်အတွက် ပထမဆုံးဂိုးအဖြစ် စနေညက ဂရန်နာဒါအသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်ဟာ ဇွန်လက ယူရိုသန်း (၁၀၀)နဲ့ ရောက်ရှိလာခဲ့ပြီးနောက် အစောပိုင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် အနားယူခဲ့ရသလို ပြန်ကစားနိုင်ချိန်မှာလည်း ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပါတယ်။

သူဟာ ရီးယဲလ်အတွက် ကစားခဲ့တဲ့ (၅)ပွဲမှာ ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပေမယ့် ဂရန်နဒါကို (၄-၂)ဂိုးနဲ့ အနိုင်ရရခဲ့တဲ့ပွဲမှာ အသင်းအတွက် ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့သလို မိုဒရစ်အတွက်လည်း ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

"အနိုင်ရလဒ်အတွက် ကျနော် ကျေနပ်မိပါတယ်။"လို့ ဟာဇက်က Real Madrid TV ကို ပြောကြားခဲ့ပါတယ်။

"ပွဲကစားရတဲ့အခါတိုင်းမှာ ဂိုးသွင်းယူချင်ပါတယ်။ ဒါပေမယ့်လည်း အလွန်အရေးပါတဲ့အရာကတော့ အနိုင်ရဖို့ပဲဖြစ်ပါတယ်။ ကျနော်တို့ဟာ လိဂ်ဇယားရဲ့ ထိပ်ဆုံးမှာ ဆက်ပြီးရှီနေဆဲပါ။ ဒီနေ့ ဒါဟာ ကျနော်တို့ရဲ့ ရည်မှန်းချက်လည်းဖြစ်တယ်။

"ပထမဆုံး သွင်းဂိုး သွင်းယနိုင်ဖို့ဆိုတာ အမြဲတမ်း ခက်ခဲပါတယ်။ ဒါပေမယ့် တစ်ကြိမ် ဂိုးရသွားပြီးတာနဲ့ ဂိုးသွင်းဖို့ ကြီးမားတဲ့ ယုံကြည်မှုအပြည့် ရှိလာပါတယ်။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ အသင်းအတွက် ဂိုးတွေ အများကြီး သွင်းယူပေးဖို့ ကျနော် မျှော်လင့်ပါတယ်။

"ဒီနေ့ ဂိုးသွင်းနိုင်ခဲ့လို့ ကျနော့်အတွက် အရေးကြီးခဲ့ပါတယ်။"

ပွဲပြီးနောက်ဆုံး ဂိုးရလဒ်ဟာ အလွယ်တကူအနိုင်ရရှိမယ်လို့ ထင်ရပေမယ့် ဂျိမ်းစ်ရိုဒီရီဂွက်ဇ်ရဲ့ နာကျင်အချိန်ပိုဂိုးမတိုင်မီ ဂရန်နဒါအသင်းဟာ (၃-၀)ဂိုးနဲ့ ရှုံးနိမ့်ရာကနေ (၃-၂)ဂိုးနဲ့ ပြန်လာနိုင်ခဲ့လို့ ဟာဇက်ရဲ့ အသင်းကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

"ဂရန်နာဒါအသင်းဟာ တကယ် ကောင်းမွန်ခဲ့တာကြောင့် လုံးဝ ခက်ခက်ခဲခဲတိုက်ခဲ့ရတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။"လို့ အသက် (၂၈)နှစ်အရွယ် ကစားသမားက ပြိုင်ဘက်အသင်းကို ချီးကျူးခဲ့ပါတယ်။

"သူတို့ဟာ ကြံ့ခိုင်တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်တယ်။ ဒါ့ကြောင့်လည်း လာလီဂါမှာ ဒုတိယနေရာမှာ ရှိနေတာပါ။

"ဒါပေမယ့် ကျနော်တို့ကတော့ မိနစ် ၉၀ လုံး ပေးဆပ်ကစားသွားခဲ့ပြီး ပွဲကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

"တိုးတက်ဖို့အတွက် လိုအပ်တဲ့ အရာတွေ အမြဲတမ်းရှိနေသေးပေမယ့် အရေးကြီးတဲ့ ၃ မှတ်ရခဲ့ပါတယ်။"

ဒီအနိုင်ရလဒ်ကြောင့် ရီးယဲလ်အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရက ဂရန်နဒါကို (၄)မှတ်ဖြတ်ကာ နိုင်ငံတကာပွဲစဉ်တွေမတိုင်မီ ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly