ဆေးပစ္စည်းဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများကို အာဆီယံဒေသတွင်းဥပဒေများနှင့်ကိုက်ညီအောင် ရေးဆွဲနေ

ဆေးပစ္စည်းဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများကို အာဆီယံဒေသတွင်းဥပဒေများနှင့်ကိုက်ညီအောင် ရေးဆွဲနေ
ဓာတ်ပုံ - စိုးချစ်ချစ်ပိုင်

ရန်ကုန်၊အောက်တိုဘာ ၅ ။      ။ ဆေးပစ္စည်းဆိုင်ရာဥပဒေစည်း မျဉ်းစည်းကမ်းများကိုအာဆီယံဒေသတွင်း နိုင်ငံများမှဥပဒေများနှင့်အညီရေးဆွဲဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များ နှင့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် မကြာခင်ထွက်ရှိလာမည့် ဆေးပစ္စည်းဆိုင်ရာဥပဒေကိုလည်း အာဆီယံဒေသတွင်း နိုင်ငံ များ၏ဥပဒေများအပေါ်အခြေခံကာရေးဆွဲထားကြောင်း အဆိုပါဥပဒေသည် ပြည်ပမှ တင်သွင်းလာသည့် ဆေးပစ္စည်းများအပါအဝင် ပြည်တွင်းထုတ် ဆေးပစ္စည်းများအတွက်ပါ အကျုံးဝင်မည်ဟု သိရသည်။

" ဒီဆေးပစ္စည်းဆိုင်ရာ မှတ်ပုံတင်တာတွေ၊ဆေးပစ္စည်းဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို အာဆီယံ နိုင်ငံတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံကိုက်ညီအောင်ဆိုပြီး ညှိနှိုင်းနေပါတယ်။ မြန်မာနိုင်ငံမှာလည်း မကြာခင် ထွက်မယ့်ဆေးပစ္စည်းဆိုင်ရာ ဥပဒေရှိပါတယ်။ဒီဥပဒေကလည်း အာဆီယံနိုင်ငံတွေမှာရှိတဲ့  ဥပဒေ စည်းမျဉ်း တွေနဲ့ညီအောင် ထုတ်ပြန်ထားတဲ့ ဥပဒေပဲဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  ဦးဇော်မိုးခိုင်က ဆိုသည်။

လက်ရှိတွင် အဆိုပါဥပဒေကို  လွှတ်တော်၌တင်ပြထားပြီး သုံးစွဲသူများ ဘေးကင်းလုံခြုံမှုအတွက် ရည်ရွယ် ရေးဆွဲခြင်း ဖြစ်ကြောင်း ဥပဒေရေးဆွဲရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဦးဆောင်ကာ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းက အခြားလူမှုအဖွဲ့အစည်းများနှင့်ညှိနှိုင်းရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဆယ်နိုင်ငံအလှည့်ကျကျင်းပလေ့ရှိသည့် အာဆီယံဆေးပစ္စည်းကော်မတီ အစည်းအဝေးကို လာမည့်၂၀၂၀ ဒီဇင်ဘာလတွင်  အိမ်ရှင်အဖြစ်လက်ခံကျင်းပရမည်ြဖစ်သောကြောင့် ဒေသ တွင်း နိုင်ငံများတွင်လက်တွေ့ကျင့်သုံးနေသည့် ဆေးပစ္စည်းအရည်အသွေးကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ လုပ်ငန်း စဉ်အသစ်များနှင့် ပတ်သက်၍ ဆေးပစ္စည်းကိရိယာဖန့်ဖြူးရောင်းချနေသူများကို အသိပညာမျှ ဝေပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သိရသည်။

" အာဆီယံမှာ လက်တွေ့ကျင့်သုံးနေတဲ့ ဆေးပစ္စည်းအရည်အသွေးကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ လုပ်ငန်းစဉ် Update တွေကို မျှဝေပေးတာဖြစ်တဲ့အတွက် ကိုယ်နိုင်ငံအတွင်းကို တင်သွင်းတဲ့ သူတွေ၊ ဆေးပစ္စည်း ကိရိယာ တွေ ဖြန့်ဖြူးရောင်းချတဲ့သူတွေက ဒီအရာတွေကိုသိလာရင်လူနာတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် ဒါတွေက အထောက်အကူဖြစ်လာမယ်လို့ယုံကြည်ပါတယ်" ဟု အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီး ဌာန၊ ဆေးပစ္စည်းနှင့် အလှကုန်ဌာနခွဲ မှဒုတိယညွှန်ကြားရေးမှူးဒေါက်တာနွယ်ဦးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင်း ဆေးနှင့်ဆေးပစ္စည်းတင်သွင်းမှုလိုအပ်ချက်သည် နှစ်စဉ်အမေရိကန်ဒေါ်လာသန်း ၈၀၀ နီးပါးရှိကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly