ဆန္ဒပြမှုများအတွင်း မျက်နှာဖုံးများ တပ်ဆင်ခြင်းကို ပိတ်ပင်ကြောင်း ဟောင်ကောင် ခေါင်းဆောင် ကြေညာ

ဆန္ဒပြမှုများအတွင်း မျက်နှာဖုံးများ တပ်ဆင်ခြင်းကို ပိတ်ပင်ကြောင်း ဟောင်ကောင် ခေါင်းဆောင် ကြေညာ

အောက်တိုဘာ ၄ ။        ။ ဟောင်ကောင် ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသမားတွေ မျက်နှာဖုံးတွေ တပ်ဆင်ခြင်းကို ပိတ်ပင်တဲ့ အရေးပေါ် ဥပဒေတစ်ရပ်ကို ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်းက အောက်တိုဘာ ၄ ရက်မှာ ကြေညာသွားခဲ့ပါတယ်။

အဆိုပါကြေညာချက်အရ ဆန္ဒပြသမားတွေကို အောက်တိုဘာ ၅ ရက်ကနေစပြီး မျက်နှာဖုံး တပ်ဆင်မှုကို တားမြစ်သွားတော့မှာ ဖြစ်ပါတယ်။

ဒါဟာ မြို့ထဲတွင် ပဋိပက္ခတွေ အရှိန်မြင့်လာနေမှုကို ထိန်းချုပ်နှိမ်နင်းဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

အများပြည်သူ အကျိုးအတွက် ရည်ရွယ်ပြီး ယခု ပိတ်ပင်ချက်ကို ထုတ်ခဲ့တာဖြစ်ကြောင်း ကာရီလမ်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားပါတယ်။

ဆန္ဒပြသမားအများစုကတော့ ၎င်းတို့ ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ်ထားလိုတဲ့အတွက် အဆိုပါ မျက်နှာဖုံးတွေကို ဝတ်ဆင်ထားခဲ့ကြတာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly