ကိတ်ဗာဒီက ကမ်းခြေတစ်ခုမှာ လင်းပိုင်ကောင်ရေ ရာချီ ကမ်းတင်သေဆုံး

ကိတ်ဗာဒီက ကမ်းခြေတစ်ခုမှာ လင်းပိုင်ကောင်ရေ ရာချီ ကမ်းတင်သေဆုံး

အောက်တိုဘာ ၄ ။        ။ ကိတ်ဗာဒီ နိုင်ငံက ကမ်းခြေတစ်ခုမှာ ထူးထူးခြားခြား လင်းပိုင် ကောင်ရေ ရာချီ တစ်ပြိုင်နက်တည်း လာရောက် ကမ်းတင်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ဘာအို ဗစ်စတာ ကျွန်းရဲ့ ကမ်းခြေတစ်ခုမှာ ထူးဆန်းစွာ လင်းပိုင် ၁၆၃ ကောင် လာရောက်ကမ်းတင်မှု ဖြစ်စဉ်ကို ယခုအခါ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေလျက် ရှိပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ယင်း လင်းပိုင်တွေကို အမြန်ဆုံး ရေထဲကို ပြန်ပို့ဖို့ အင်တိုက်အားတိုက် ကြိုးစားခဲ့ပေမယ့် ကောင်ရေ ၁၀၀ ကျော် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ယခု ဖြစ်စဉ်နဲ့အတူ ကမ္ဘာတစ်ဝန်း သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ အသိပညာ ပေးနိုင်ဖို့ကိုလည်း သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက မျှော်လင့်နေကြလျက် ရှိပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly