ထိုင်ဝမ်မှာ ကျင်းပတဲ့ Pokemon Go ပွဲတော် လူပေါင်းသောင်းချီ တက်ရောက်

ထိုင်ဝမ်မှာ ကျင်းပတဲ့ Pokemon Go ပွဲတော် လူပေါင်းသောင်းချီ တက်ရောက်

အောက်တိုဘာ ၄ ။        ။ နှစ်စဉ် ကျင်းပနေကျ Pokemon Go Safari ပွဲတော်ကို အောက်တိုဘာ ၃ ရက်က ထိုင်ဝမ် ဥယျာဉ်တစ်ခုမှာ ကျင်းပခဲ့ရာမှာ အဆိုပါ နာမည်ကျော် ဂိမ်းကစားသူပေါင်း သောင်းချီ လာရောက်စုဝေးခဲ့ကြပါတယ်။

နယူးတိုင်ပေမြို့မှာ  အဆိုပါ Pokemon ပွဲတော်ကိုတော့ လေးရက်တာ ပြုလုပ်မှာဖြစ်ပြီး ဂိမ်းကစားသူ ပရိသတ်ပေါင်း သန်းဝက်ခန့်အထိ လာရောက်လိမ့်မယ်လို့ ပွဲစီစဉ်သူတွေက မျှော်မှန်းထားပါတယ်။

အဆိုပါ Pokemon ဂိမ်းကတော့ ၂၀၁၆ မှာ တစ်ကမ္ဘာလုံးက လူတွေအားလုံးကို လမ်းတွေပေါ် ထွက်စေခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။

ဂိမ်းကစားသူတွေအနေနဲ့ virtual cartoon ဇာတ်ကောင်လေးတွေကို လိုက်ရှာရတာဖြစ်ပြီး ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်ကစားရတဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။

မနှစ်ကလည်း အဆိုပါ Pokemon Go ပွဲကို တိုင်နန်မှာ ကျင်းပခဲ့ရာမှာ သုံးရက်အတွင်း ဧည့်ပရိသတ်ပေါင်း သန်းဝက်ကျော် တက်ရောက်ခဲ့ပါတယ်။

ယင်း Pokemon ဂိမ်းကတော့ ထိုင်ဝမ်မှာ အတော်လေး နာမည်ကြီးပြီး ကစားသူ အတော်လေး များကြောင်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly