ဂျိုးဘိုင်ဒန်အား စုံစမ်းစစ်ဆေးဖို့ ဒေါ်နယ်ထရမ့်က တရုတ်ကို တိုက်တွန်း

ဂျိုးဘိုင်ဒန်အား စုံစမ်းစစ်ဆေးဖို့ ဒေါ်နယ်ထရမ့်က တရုတ်ကို တိုက်တွန်း

အောက်တိုဘာ ၄ ။         ။ ၎င်းရဲ့ နိုင်ငံရေး ပြိုင်ဘက် ဂျိုးဘိုင်ဒန်အား စုံစမ်းစစ်ဆေးပေးဖို့အတွက် ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ထံ အကူအညီတောင်းလိုက်ကြောင်း သိရပါတယ်။

ဒါဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြိုင်ဘက်အဖြစ် စိန်ခေါ်လာနိုင်တဲ့ ဘိုင်ဒန်အပေါ် စုံစမ်းစစ်ဆေးဖို့ ထရမ့်က ပြည်ပ အစိုးရတွေကို တောင်းဆိုနေလျက် ရှိတာဖြစ်ပါတယ်။

ဒီမတိုင်ခင်ကလည်း ထရမ့်အနေနဲ့ ခုလိုမျိုးပဲ ဂျိုးဘိုင်ဒန်အား စုံစမ်းစစ်ဆေးဖို့အတွက် ယူကရိန်းအစိုးရကို တိုက်တွန်းခဲ့တဲ့အတွက် ဒီမိုကရက်တစ်တွေဘက်က ၎င်းကို စွပ်စွဲပြစ်တင်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတစ်ရပ် ကို လုပ်ဆောင်နေလျက်ရှိပါတယ်။

ဒီလို ၎င်းအပေါ် စွပ်စွဲပြစ်တင်မယ့် ကြိုးပမ်းမှုတွေဟာ ပေါက်တက်ကရ လျှောက်လုပ်နေတဲ့ လုပ်ဆောင်မှုသာဖြစ်ကြောင်း ထရမ့်က တုန့်ပြန်ထားပါတယ်။

ဘာပဲဖြစ်ဖြစ် ယူကရိန်း ကိစ္စနဲ့ တရားစွဲခံရမယ့် အရေး ရင်ဆိုင်နေရတဲ့ကြားကပဲ ထရမ့်က တရုတ်ကို ထပ်မံ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန်နှင့် သားဖြစ်သူအပေါ် အကျင့်ပျက်ခြစားမှုနဲ့ စုံစစ်စစ်ဆေးသင့်ကြောင်း ထရမ့်က တရုတ်ကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly