အီရတ်က ဆန္ဒပြသမှုတွေမှာ ရဲနဲ့ ဆန္ဒပြသူ လေးဦး သေဆုံး

အီရတ်က ဆန္ဒပြသမှုတွေမှာ ရဲနဲ့ ဆန္ဒပြသူ လေးဦး သေဆုံး

ဘဂ္ဂဒက်၊ အောက်တိုဘာ ၄ ။         ။ အီရတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ထပ်မံဖြစ်ပွားတဲ့ ဆန္ဒပြသမှုတွေမှာ ရဲနဲ့ ဆန္ဒပြသူ လေးဦး သေဆုံးကြောင်း သိရပါတယ်။

တောင်ပိုင်း ဒီကာပြည်နယ်ရဲ့ မြို့တော် အယ်နာဆီရီယာက ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်မှုအသွင် ကူးပြောင်းခဲ့ကြောင်း ဌာနေသတင်းရင်းမြစ်တွေက အီးအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုတွေ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ နည်းပါးတာနဲ့ အလုပ်အကိုင် အခွင့်အရေးတွေ ရှားပါးတာအပေါ် စုရုံးဆန္ဒပြမှုတွေအတွင်း အသေအပျောက်က ငါးဦးရှိကာ ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ ဒီကာကျန်းမာရေးဌာနက အမည်မဖော်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီကာမှ နောက်ထပ် ညွှန်ကြားချက် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ည ရှစ်နာရီကနေစပြီး ကာဖျူးမိန့် ထုတ်ထားကြောင်း ဌာနေအစိုးရသတင်းရင်းမြစ်တစ်ရပ်က ပြောပါတယ်။

ဒီကာမြို့က အစိုးရ ဌာနဆိုင်ရာရုံးတွေကို ဆန္ဒပြသူတွေက ဝင်စီးပြီး မီးတင်ရှို့ကြကြောင်း Al Iraquiya နိုင်ငံပိုင်ရုပ်သံက အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရဲ့ မြို့တော် ဘဂ္ဂဒက်က စုရုံးဆန္ဒပြမှုတွေကလည်း အကြမ်းဖက်မှုအသွင်ကူးပြောင်းပြီး အင်္ဂါနေ့က ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ကာ ၂၀၀ ကျော်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ရေနံနဲ့ ချမ်းသာတဲ့ အီရတ်နိုင်ငံမှာ ပဋိပက္ခတွေ နှစ်ကြာဖြစ်ပွားခြင်းနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတွေကြောင့် ဆိုးဝါးတဲ့ စီးပွားရေးပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly