ပါရီရှိ ရဲဌာနချုပ်မှာ ဓားကိုင်တိုက်ခိုက်မှုဖြစ်ရာ လူ လေးဦး သေဆုံး

ပါရီရှိ ရဲဌာနချုပ်မှာ ဓားကိုင်တိုက်ခိုက်မှုဖြစ်ရာ လူ လေးဦး သေဆုံး

ပါရီ၊အောက်တိုဘာ ၄။        ။  ပြင်သစ်နိုင်ငံ ပါရီမြို့ ရဲဌာနချုပ်က လုံခြုံရေးအေဂျင့်တွေကို ဓားကို တိုက်ခိုက်မှု ဖြစ်ရာမှာ လူအနည်းဆုံး လေးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဓားကိုင်တိုက်ခိုက်သူဟာ လုပ်သက် နှစ် ၂၀ ကျော် ရှိတဲ့ စီမံဝန်ထမ်းတစ်ဦးဖြစ်ပြီး တိုက်ခိုက်တဲ့ နေရာမှာတင် ရဲက ပစ်ခတ်သုတ်သင်လိုက်ကြောင်း ရဲဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ လိုစီးထရာဗားက ပြောပါတယ်။

တိုက်ခိုက်သူဟာ သူ့ရုံးခန်းထဲမှာပဲ ဓားနဲ့ လိုက်လံတိုက်ခိုက်ပြီး ရဲဌာနချုပ်ဝင်းထဲ ဆင်းပြေးသွားတာဖြစ်တယ်လို့ ထရာဗားက ဆိုပါတယ်။

ခုလို တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို မသိရသေးပါ။

“တိုက်ခိုက်မှုအပြီးမှာ သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် ပါရီမြို့အနေနဲ့ ဝမ်းနည်းဖွယ်ရာပဲ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်းမှာ ရဲအချို့ အသက်စွန့်ခဲ့ရပါတယ်။”လို့ ပါရီမြို့တော်ဝန် အန်နီဟီဒယ်ဂိုက တွစ်တာမှာ ရေးသားပါတယ်။

“ကျွန်တော်ရယ်၊ ပါရီမြို့ခံတွေရယ်ဟာ ကျန်ရစ်သူမိသားစုတွေနဲ့အတူ အတူတူ ရှိနေပါတယ်။”လို့ ၎င်းက တွစ်တာမှာ ရေးသားပါတယ်။

အခု တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီကာစတာနာကိုယ်တိုင် အခင်းဖြစ်ရာဆီ လာရောက်ခဲ့ပါတယ်။ သမ္မတ မက်ခရွန်လည်း လာရောက်လိမ့်မယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly