နိုင်ငံတစ်ဝှမ်းမှ ပန်းချီဆရာတွေပါဝင်တဲ့ ပန်းချီလေလံပွဲပြုလုပ်မည်

နိုင်ငံတစ်ဝှမ်းမှ ပန်းချီဆရာတွေပါဝင်တဲ့ ပန်းချီလေလံပွဲပြုလုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၃။      ။  နိုင်ငံတစ်ဝှမ်းမှ ပန်းချီဆရာအများအပြားပါဝင်မယ့် ပန်းချီပြပွဲနဲ့ ပန်းချီလေလံပွဲတစ်ခုကို ရန်ကုန်မြို့ရှိ နိုဗိုတယ်ရန်ကုန်မက်(စ်) ဟိုတယ်မှာ အောက်တိုဘာ ၂၁ ကနေ ၂၂ ရက်နေ့အထိ ပြုလုပ်သွားဖို့ ရှိတယ်လို့သိရပါတယ်။

အဲ့ဒီလေလံပွဲမှာ သက်ရှိထင်ရှားပန်းချီဆရာကြီးတွေရဲ့လက်ရာတွေအပြင် ကွယ်လွန်သွားပြီဖြစ်တဲ့ ပန်းချီဆရာကြီးတွေရဲ့ လက်ရာတွေ လည်းပါဝင်မယ်လို့ သိရပါတယ်။

“ လေလံပွဲတွေတော့ လုပ်နေကြတာရှိတယ်။  အဲ့တာကဘာလဲဆိုတော့ ရောင်းရလို့ရှိရင် လှူတာပေါ့နော်။ လိုတဲ့အဖွဲ့အစည်းတွေကို လှူတာတွေများတယ်။ ဒီပွဲမှာကကျတော့ ကားအရေလည်းများတယ်။ ပြီးတော့ ဒီပွဲကိုလည်း ၃ လလောက်သေချာလေးအချိန်ယူပြီး ပြင်ဆင်ထားတယ်ပေါ့နော်။ ပါမယ့်ပန်းချီဆရာတွေ ရဲ့လက်ရာတွေကအစ သေချာလေးစီစစ်ပြီးပြင်ဆင်ထားပါတယ်” ဟု ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူ တစ်ဦးဖြစ်သော ဒေါ်သဇင်နီကပြောပါတယ်။

လေလံပွဲကိုတော့ အောက်တိုဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီမှာပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတကာက အနုပညာရှင်တွေရဲ့ အနုပညာလက်ရာ တွေကိုပါ ရောင်းချသွားဖို့လည်းရှိနေပါတယ်။

အဆိုပါ ပန်းချီပြပွဲကိုတော့မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး မြန်မာ့ထိပ်တန်း ပန်းချီ ဆရာတွေရေးဆွဲထားတဲ့ ပန်းချီကားပေါင်း ၈၀ ကျော်ကို ပြသရောင်းချသွားမှာလို့လဲ သိရပါတယ်။

“ဒီမှာက ပန်းချီဆရာတွေလည်းအများကြီးပဲ စတိုင်ပေါင်းစုံ၊ အမြင်ပေါင်းစုံပါဝင်လို့ ထူးခြားတဲ့ပန်းချီပြပွဲတစ်ခုပါ” လို့ ပန်းချီဆရာတစ်ဦး ဖြစ်တဲ့ ပန်းချီ မွန်သက်ကလည်းမှတ်ချက်ပြုပါတယ်။

လေးလံတင်ပွဲမှာ ကြမ်းခင်းဈေးတွေကတော့ အမေရိကန်ဒေါ်လာ ထောင်ဂဏန်းကနေပြီး သောင်းဂဏန်း အထိရှိမယ်လို့သိရပါတယ်။ ဒါ့အပြင်မှာ ရောင်းချရတဲ့ဝင်ငွေတွေထဲက ၂၀ ရာခိုင်နူန်းကိုလည်း နိုဗိုတယ် ရန်ကုန်မက်(စ်) ဟိုတယ်ကလုပ်နေတဲ့ Light for Life အစီအတွက် ၁၀ ရာခိုင်နူန်းနဲ့  ကျန် ၁၀ ရာခိုင်နူန်းကို Art Industry ကိုလှူဒါန်းသွားမယ်လို့လဲသိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly