ကော့သောင်းခရိုင်တွင် ဖုန်းအသုံးပြုသူများကို ယူနီကုဒ်စနစ် အခမဲ့ဝန်ဆောင်မှုပေးနေ

ကော့သောင်းခရိုင်တွင် ဖုန်းအသုံးပြုသူများကို ယူနီကုဒ်စနစ် အခမဲ့ဝန်ဆောင်မှုပေးနေ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ကော့သောင်း၊ အောက်တိုဘာ ၃။       ။  ကော့သောင်းမြို့ရှိ၊ မိုလ်ဘိုင်းဖုန်း သုံးစွဲသူများအတွက် ယူနီကုဒ်စနစ် အခမဲ့ဝန်ဆောင်မှုပေးခြင်းကို နှစ်ရက်တာ ပြုလုပ်ပေးနေကြောင်း ဖုန်းလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

“ယူနီကုဒ်စနစ်က နောက်ပိုင်းကျရင်မဖြစ်မနေ အားလုံးပြောင်းထည့်ရမယ်ဆိုတော့ အခုကတည်းက အဆင်ပြေအောင်လို့ ကျွန်တော်တို့ မိုလ်ဘိုင်းဖုန်း လုပ်ငန်းရှင်တွေ စုပေါင်းပြီး၊ အခက်အခဲ ရှိနေတဲ့ Customerတွေကို အခမဲ့ဝန်ဆောင်မှု ပြုလုပ်ပေးနေတာဖြစ်တယ်”ဟု ကော့သောင်းမြို့သစ်ထူးအောင် မိုလ်ဘိုင်းဖုန်း ပြုပြင်ရေးဆိုင်မှ ဦးဇော်ထွန်းဦးက ပြောသည်။

အဆိုပါ ဝန်ဆောင်မှုပေးခြင်းကို ကော့သောင်းမြို့၊ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်ရှိခရီးသည် နားနေဆောင်၌ အောက်တိုဘာလ ၃ မှ ၄ ရက်နေ့ အထိပြုလုပ်ပေးနေပြီး နံနက် (၉)နာရီမှ နံနက် (၁၁) နာရီအထိလည်းကောင်း မွန်းလွဲပိုင်း (၂) နာရီမှ ညနေ (၅) နာရီ အထိလည်းကောင်း အခမဲ့ ဝန်ဆောင်မှုပေးနေသည်ဟု သိရသည်။

“ယူနီကုဒ်ဖောင့်ကကိုယ့်ဘာသာကိုယ်ထည့်ရင် အခက်အခဲ ရှိလို့ပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီစနစ်ကဆော့လ်ဝဲ တစ်မျိုးတည်းနဲ့ မပြီးလို့ လေးငါးမျိုးအထိ ထည့်ရတယ် ဆိုတော့နားလည် တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ ထည့်ရင် ပိုအဆင်ပြေမယ် ထင်လို့ ဒီမှာ လာထည့်တာ ဖြစ်တယ်” ဟု ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်မှ မိုလ်ဘိုင်းဖုန်း သုံးစွဲသူ ဦးကျော်ကျော်က ပြောသည်။

ယူနီကုဒ်စနစ်အခမဲ့ထည့်သွင်းပေးေနမှုအပေါ် ကော့သောင်းမြို့ရှိ ပြည်သူများက စိတ်ဝင်တစားဖြင့် လာရောက် ထည့်သွင်းခဲ့ပြီး ထပ်မံတောင်းဆိုမှုများရှိပါက အခမဲ့ဝန်ဆောင်မှုပေးခြင်းကို ရက်တိုး၍ ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly