အီရတ်မှာ လူသေဆုံးစေတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်၊ အစိုးရက ကာဖျူးအမိန့် ထုတ်

အီရတ်မှာ လူသေဆုံးစေတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်၊ အစိုးရက ကာဖျူးအမိန့် ထုတ်

အောက်တိုဘာ ၃။      ။ အီရတ်နိုင်ငံမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်နေခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိလာခဲ့ပြီးနောက် ယခုအခါ အစိုးရက မြို့တော် ဘဂ္ဂဒက်မှာ ကာဖျူးအမိန့် ထုတ်ပြန်လိုက်ပါတယ်။

မြို့တော် ဘဂ္ဂဒက်အပြင် အခြား မြို့တွေမှာလည်း ကြီးမားတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာဖြစ်ပြီး အချိန် ၂၄ နာရီအတွင်း လူကိုးဦးအထိ သေဆုံးခဲ့တဲ့အထိ အခြေအနေတွေ ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ အောက်တိုဘာ ၃ ရက် မနက် ၅ နာရီကစလို့ ဘဂ္ဂဒက်မြို့မှာ ကာဖျူးအမိန့်တစ်ရပ်ကို ဝန်ကြီးချုပ် အဒဲလ် အဗ္ဘဒူလ် မာဒီက ကြေညာလိုက်ပါတယ်။

နောက်ထပ် ထုတ်ပြန်ချက်တွေ ထွက်မလာမချင်း ဒီကာဖျူးအမိန့်က ဆက်ရှိနေမယ်လို့ သိရပါတယ်။

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကစလို့ ဘဂ္ဂဒက်မြို့နဲ့ တောင်ပိုင်း ဧရိယာတွေမှာ နေရာအနှံ့အပြားမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာဖြစ်ပြီး ဆန္ဒပြသမားတွေဘက်ကတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်ရေး၊ အကျင့်ပျက်ခြစားမှုတွေ အဆုံးသတ်ရေး တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဒီ ဆန္ဒပြပွဲတွေကတော့ မနှစ်ကမှ အစိုးရအဖွဲ့သစ် ဖွဲစည်းထားခဲ့တဲ့ လက်ရှိ အီရတ် ဝန်ကြီးချုပ် မာဒီအတွက် ယခုလအတွင်း ပထမဆုံးသော တွေ့ကြုံတဲ့ စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly