မားစ်ဂြိုဟ်ပေါ်ကနေ ထူးဆန်းတဲ့ အသံတွေ ဖမ်းယူရရှိ

By SkyNews
03 October 2019
မားစ်ဂြိုဟ်ပေါ်ကနေ ထူးဆန်းတဲ့ အသံတွေ ဖမ်းယူရရှိ

မားစ်ဂြိုဟ်ပေါ်က အသံတွေကို နာဆာက ဖမ်းယူရရှိတာကို ထုတ်ပြန်ရာမှာ တစ်ချို့အသံတွေဟာ ငလျင်တော်လဲသံတွေ ဖြစ်နိုင်တယ်လို့ မှတ်ချက်ချရသလို တစ်ချို့သော အသံတွေကတော့ ဘာမှန်းမသိတဲ့ ပဟေဠိဆန်တဲ့ ထူးထူးဆန်းဆန်း အသံတွေ ဖြစ်နေပါတယ်။

နာဆာရဲ့ InSight အာကာသဆင်းယာဉ်ဟာ နိုဝင်ဘာလအတွင်းက ဂြိုဟ်နီကြီးခေါ် အင်္ဂါဂြိုဟ် မားစ်ဂြိုဟ်ပေါ်ကို ဆင်းသက်ခဲ့တာ ဖြစ်ပြီး ဧပြီလအတွင်း ပထမဆုံးအဖြစ် ငလျင်တော်လဲသံတွေကို အသံဖမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းယူရရှိတဲ့ အသံတွေက တိုးတိတ်ငြင်သာလွန်းပေမယ့် တုန်ခါမှုရှိနေတယ်ဆိုတာကိုတော့ သိသာစေတယ်လို့ နာဆာက ပြောပါတယ်။

InSight ယာဉ်ရဲ့ seismometer ကနေ ဖမ်းယူရရှိတဲ့ အသံဖိုင်ပေါင်း ၁၀၀ ကျော်ကို အင်္ဂါနေ့မှာ နာဆာက ထုတ်ပြန်လိုက်တာပါ။

ဒီလို ထုတ်ပြန်ရာမှာ ၂၁ ဖိုင်မှာ မားစ်ဂြိုဟ်ပေါ်က ငလျင်တော်လဲသံကို ကြားရတာ ဖြစ်ပါတယ်။ ဖမ်းယူရရှိတဲ့ အခြားအသံတွေမှာ မားစ်ဂြိုဟ်ရဲ့ လေတိုက်သံတွေလည်း ပါပါတယ်။ ဒီလို အသံတွေကြားမှာ တစ်ချို့သော အသံတွေက ဘာမှန်း မသိနိုင် ပဟေဠိဆန်တဲ့ ထူးထူးဆန်းဆန်း အသံတွေဖြစ်တယ်လို့ နာဆာက ထုတ်ပြန်ထားပါတယ်။

 

 

 
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly