တရားမဝင် အအေးခဲသားများ တင်သွင်း လာသူအား နှစ်သိန်းကျပ်ဒဏ်ရိုက်

တရားမဝင် အအေးခဲသားများ တင်သွင်း လာသူအား နှစ်သိန်းကျပ်ဒဏ်ရိုက်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ထားဝယ်၊ အောက်တိုဘာ ၂ ။       ။ ထားဝယ်မြို့တွင်  ထိုင်းနိုင်ငံမှ တရားမဝင် အအေးခဲသားများကို တင်သွင်း လာသူ လုပ်ငန်းရှင် တစ်ဦးအား အောက်တိုဘာလ (၁) ရက်နေ့ ညပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ပြီးနောက် အသားများကို သိမ်းကာ  ကျပ်နှစ်သိန်း ဒဏ်ရိုက်ခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံက သိရသည်။

အဆိုပါ အအေးခဲအသားများကို ထားဝယ်မြို့၊တလိုင်းမရပ်ကွက် ချယ်ရီလမ်းရှိ နေအိမ်တစ်လုံးမှ စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်ရာ  ဖမ်းဆီး ရမိခဲ့သည့် အအေးခဲသားများမှာ ကြက်သား ကီလို (၆၀၀)၊  ကြက်ကလီစာ ကီလို (၅၀)၊ ကြက်ရိုး ကီလို (၇၀) နှင့် ဝက်သား ကီလို (၅၀) တို့ ဖြစ်ပြီး  စုစုပေါင်း  တန်ဖိုးမှာ ကျပ် (၄၁) သိန်းကျော် တန်ဖိုးရှိကြောင်းသိရသည်။

အဆိုပါ အေးခဲအသားများကို အောက်တိုဘာလ (၂) ရက်နေ့က  ထားဝယ်မြို့ တဂူသိမ် အမှိုက်ပုံတွင် ဖျက်ဆီးခဲ့သည်။

“လူကိုတော့ အရေး မယူပါဘူး၊ ဝန်ခံကတိ ရေးထို စေပြီး၊ ဒဏ်ငွေ နှစ် သိန်းကျပ် ပေးဆောင်စေခဲ့တယ်” ဟု ထားဝယ်မြို့နယ် စည်ပင် သာယာရေး အဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly