တော်လှန်ရေးအတွင်းက ခိုးယူခံရတဲ့ ရွှေရောင်ခေါင်းတလား နယူးယောက်ကနေ ကိုင်ရိုဆီ ပြန်လည်ရောက်ရှိ

တော်လှန်ရေးအတွင်းက ခိုးယူခံရတဲ့ ရွှေရောင်ခေါင်းတလား နယူးယောက်ကနေ ကိုင်ရိုဆီ ပြန်လည်ရောက်ရှိ

ကိုင်ရို၊ အောက်တိုဘာ ၂။        ။ ၂၀၁၁ ခုနှစ်က အီဂျစ်တော်လှန်ရေး ၀ရုန်းသုန်းကား အခြေအနေအတွင်းမှာ ဖောက်ထွင်းခိုးယူခံခဲ့ရတဲ့ ရှေးဟောင်း ရွှေရောင်ခေါင်းတလားဟာ နယူးယောက်ကနေ ကိုင်ရိုဆီ အင်္ဂါနေ့မှာ ပြန်လည်ရောက်ရှိပါတယ်။

ကိုင်ရိုက ပြတိုက်မှာ ပြသထားပြီဖြစ်တဲ့ ဘုန်းတော်ကြီး နက်ဂျီမန့်ချ်ရဲ့ ခြောက်ပေအရှည်ရှိ ဒီ ခေါင်းတလားဟာ သမိုင်းတန်ဖိုး မဖြတ်နိုင်တဲ့ ခေါင်းတလားလည်း ဖြစ်သလို နိုင်ငံတကာ မှောင်ခိုကူးခံရတဲ့ အမွေအနှစ်တစ်ရပ်လည်း ဖြစ်ပါတယ်။

အပြောက်အမွမ်း လက်ရာတွေ စီခြယ်ထားပြီး ရွှေရောင်ကွပ်ထားတဲ့ ဒီ သစ်သားခေါင်းတလားဟာ ဘီစီ တစ်ရာစုနဲ့ နှစ်ရာစုကြားက လက်ရာပါ။ သိုးထီးဦးခေါင်းနဲ့ နတ်ဘုရား Heryshef ရဲ့ အဆင့်မြင့် ဘုန်းတော်ကြီး နက်ဂျီမန့်ချ်ရဲ့ ခေါင်းတလားပဲ ဖြစ်ပါတယ်။

အီဂျစ်မှာ သမ္မတ မူဘာရတ်ကို ဖြုတ်ချတဲ့ ၂၀၁၁ တော်လှန်ရေးအတွင်း ဒီ ခေါင်းတလားဟာ ခိုးယူခံရပြီး မှောင်ခိုကူးခံရတာ ဖြစ်ပါတယ်။

ဒီနောက်မှာ ယူအေအီး၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေဆီ မှောင်ခိုကူးခံရပြီး အဆုံးမှာ နယူးယောက်ကို ရောက်ရှိတာဖြစ်ပါတယ်။ ခုချိန်မှာတော့ နယူးယောက်ကနေ ပိုင်ရှင်နိုင်ငံ ကိုင်ရိုမြို့က အီဂျစ်အမျိုးသား လူမှုတိုးတက်မှုပြတိုက်ဆီ ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

“အီဂျစ်ဆီ ဒီ ရှေးဟောင်းခေါင်းတလား ပြန်လည်ရောက်ရှိတဲ့အတွက် ကျွန်တော် အရမ်းပဲ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီ ခေါင်းတလားကို ခိုးယူခံရတဲ့ အသေးစိတ် အချက်အလက်တွေကို မကြာခင် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။”လို့ အီဂျစ်ရှေးဟောင်းအထူးကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး မိုစတာဖာဝါဇီရီက ပြောခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly