ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ် အခက်အခဲများ

ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ် အခက်အခဲများ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မီးဖြားတယ်ဆိုတာ မိန်းမသားတွေအတွက်ကတော့ တကယ့်ကို အကြီးစားစိန်ခေါ်မှုကြီးတစ်ခုပါ။ ကိုယ်ဝန်ဆောင်တဲ့အချိန်ပြောင်းလဲမှုတွေကြုံရမယ် မီးဖွားချိန်ဆိုရင်လည်း ဗိုက္နာကတစ်မျိုး ဒီကြားထဲ မီးဖြားပြီးရင်ရှောင်ရဆောင်ရမယ့် ပြဿနာ ခံစားရမယ့် ဝေဒနာတွေက ရှိသေးတယ်မလား။ ဒိတော့မီးဖွားပြီးတဲ့ အမျိုးသမီးတိုင်း ဘာတွေ ဆက်ကြုံတွေ့ရနိုင်သလဲ။ ။ ဒါတွေသိထားမှ ကိုယ်လည်းကျန်းမာ ကလေးကိုလည်းသေချာ ဂရုစိုက်နိုင်မှာလေ။
ရိုးရိုးမီးဖွားပြီးနောက်ပိုင်း ကြုံကိုကြုံတွေ့ရနိုင်တာတွေကတော့
Postpartum hemorrhage

မီးဖြားပြီးနောက်ပိုင်း သွေးသွန်တတ်တာကတော့ ကြုံကိုကြုံရမယ့်ကိစ္စတစ်ခု။ မီးဖွားပြီးပြီးချင်း ၁၀ ရက်လောက်မှာတော့ မိန်းမကိုယ်ကနေ သွေးဆင်းတာများနေတတ်ပြီး နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်းနည်းသွားပါလိမ့်မယ်။ ဒါပေမယ့် ၆ ပတ် ၁ လလောက်ဖြစ်တဲ့အထိတောင် သွေးဆင်းတာများနေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာသွားပြဖို့ လိုအပ်နေပါပြီ။ ဆင်းတဲ့ သွေးပမာဏကလည်း တစ်နေ့ကို လစဉ်သုံးပစ္စည်း နှစ်ခုလောက်ပဲ ကုန်ရမှာပါ။ ဒါကို တစ်နာရီတည်းနဲ့ လစဉ်သုံးပစ္စည်းတစ်ခုလုံး ပြည့်အောင် သွေးသွန်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ဆွေးနွေးဖို့လိုအပ်ပါတယ်။
Vagina hematoma

ရိုးရိုးမီးဖြားတဲ့အချိန် ကြုံတွေ့ရတတ်တဲ့ မိန်းမကိုယ်ပတ်လည် ထိခိုက်ဒဏ်ရာရတာ စုတ်ပြဲတာတွေနဲ့ မွေးလမ်းကြောင်းချဲ့တာတွေ ကြောင့် မိန်းမကိုယ်မှာ သွေးခြည်ဥတဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။
မွေးလမ်းကြောင်းချဲ့ထားတဲ့နေရာကနေ ပိုးဝင်ခြင်း

မွေးလမ်းကြောင်းချဲ့ပြီးတာ ပြန်ချုပ်လိုက်တယ်ဆိုပေမယ့် သေချာသန့်ရှင်းရေးမလုပ် ဂရုမစိုက်တဲ့အခါ အဲဒီချဲ့ထားတဲ့နေရာကနေ ပိုးဝင်ပြီး အနာရင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဆီးသွားရတာ အခက်အခဲဖြစ်ခြင်း

ကိုယ်ဝန်ဆောင်ထားတဲ့ ဒဏ်နဲ့ မီးဖွားထားတဲ့ ဒဏ်တွေကြောင့် ဆီးအိမ်တင်း နေတာမျိုးတွေ ဖြစ်တတ်ပြီး မီးဖွားပြီးပြီးချင်း ဆီးသွားရတာ အခက်အခဲရှိတတ်ပါတယ်။
လိပ်ခေါင်းထွက်ခြင်း

ကိုယ်ဝန်ကြောင့် ဝမ်းချုပ်ပြီး လိပ်ခေါင်းထွက်တာက တစ်မျိုး၊ မီးဖွားချိန် ညှစ်ထားရတော့ လိပ်ခေါင်းထွက်ချင်တာ တစ်မျိုး၊ မွေးလမ်းကြောင်းချဲ့ထားတော့ ဝမ်းသွားရမှာစပ်နေတာက တစ်မျိုးနဲ့ ဝမ်းပိုချုပ် လိပ်ခေါင်းပိုထွက်တာမျိုး ဖြစ်တတ်ပါတယ်။
ဒါမျိုးတွေ ကြုံတွေ့ရတတ်တယ်ဆိုတော့ ဘယ်လိုတွေ ကြိုပြင်ဆင်ထားဖို့လိုမလဲ။  ။

  •     Kegel exercise – တင်ပဆုံကြွက်သားတစ်ဝိုက်ကို သန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်တဲ့ Kegel exercise ပြန်လုပ်ပေးပါ. ဒါမှ ဆီးသွားရခက်တာနဲ့ ဝမ်းသွားရခက်တဲ့ ပြဿနာတွေ ဖြေရှင်းပြီးသားဖြစ်မှာပါ။
  •     မီးဖွားပြီး ၄၅ ၇က်အကြာ အမျိုးသားနဲ့ပြန်နေချိန် မိန်းမကိုယ်ခြောက်သွေ့တဲ့ ပြဿနာတွေ ရှိနိုင်တာကြောင့် လိင်ဆက်ဆံတာ ချောမွေ့စေဖို့ ချောဆီသုံးဖို့လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်
  •     ဝမ်းချုပ်တာကို ကာကွယ်ချင်ရင်တော့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ များများစားပေးဖို့လိုပါလိမ့်မယ်။
  •     သွေးခြည်ဥတဲ့ ပြဿနာကို ပြေလည်စေချင်ရင်တော့ ဖောင်းနေတဲ့နေရာကို ရေခဲသန့်သန့်လေးကပ်ပေးပါ။
  •     နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ ဆရာဝန်ဆီ ရက်ချိန်းအတိုင်း မှန်မှန်ပြန်သွားပြဖို့ပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဆိုက်hellosayarwon.com မှကူးယူဖော်ပြပေးပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly