နော်အုန်းလှကို ထောင်ဒဏ် ၁၅ရက်ချမှတ်

နော်အုန်းလှကို ထောင်ဒဏ် ၁၅ရက်ချမှတ်

ရန်ကုန် ၊ အောက်တိုဘာ၂ ။           ။ ရန်ကုန်မြို့လယ်တွင် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် နော်အုန်းလှ နှင့် ကရင်လူငယ်နှစ်ဦးကို ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၁၅ရက် အမိန့်ချမှတ်လိုက်သည်။
 

နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးမှာ ထောင်ချုပ်နှင့် အမှုကိုရင်ဆိုင်ခဲ့ရသဖြင့် ချုပ်ရက်သည် ပြစ်ဒဏ် ၁၅ ရက်ထက် များနေသည့်အတွက် အမိန့်ချသည့်နေ့မှာပင် ပြန်လည် လွတ်မြောက်ခဲ့သည်။

အဆိုပါရုံးချိန်းသို့ လာရောက်ဝန်းရံသူ ၃၀၀ နီးပါးခန့် ရှိခဲ့ပြီး ဝန်းရံသူများသည် မဟာဗန္ဓုလ ပန်းခြံအတွင်း၌ စီတန်းပြီး ကျောက်တံတားမြို့နယ် တရားရုံးအထိ လမ်းလျှောက်ကာ လာရောက်ဝန်းရံခဲ့ခြင်းဖြစ်သည်။ဝန်းရံခဲ့သူများထဲတွင် ကရင်အမျိုးသားအစည်းအရုံးက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ြဖစ်သည့် ဖဒိုမန်းငြိမ်းမောင်အပြင် ကရင်လူငယ်များ ၊ ကရင်နီ ၊ပအို့်ဝ် ၊ ရခိုင် ၊ ဗမာ တက်ကြွလှုပ်ရှားသူများ စသဖြင့် လာရောက်ဝန်းရံခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly