လစာတစ်ချို့တစ်ဝက် မိဘများကို ပေးရမည်ဟု တရုတ်ကုမ္ပဏီက မူချမှတ်ရာမှ အငြင်းပွားမှုများဖြစ်

လစာတစ်ချို့တစ်ဝက် မိဘများကို ပေးရမည်ဟု တရုတ်ကုမ္ပဏီက မူချမှတ်ရာမှ အငြင်းပွားမှုများဖြစ်

တရုတ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုသည် အလုပ်သမားများအား လစာထဲမှ တစ်ချို့တစ်ဝက်ကို မိဘဖြစ်သူများအား မဖြစ်မနေ ပေးရမည်ဟု ထုံးစံမရှိသည့် ပေါ်လစီတစ်ရပ်ကို ချမှတ်ထားရာ အဆိုပါ သားသမီး ကျင့်ဝတ်ခွန်နှင့် ပတ်သက်ကာ အွန်လိုင်းပေါ်တွင် အငြင်းပွားမှုများ ပြင်းထန်သွားသည်။

အလှကုန်ပစ္စည်းထုတ်ရာ ယင်းကုမ္ပဏီကို အမည်မဖော်ပြထားသော်လည်း အလုပ်သမားကြားတွင် ကောင်းမွန်သည့် ကိုယ်ကျင့်သိက္ခာတန်ဖိုးမြင့်တက်ရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကွမ်ကျို့နေ့စဉ်သတင်းစာတွင် ဖော်ပြသည်။

မိဘကို ရိုသေလေးမြတ်ခြင်းသည် တရုတ်လူအဖွဲ့အစည်းနှင့် ယဉ်ကျေးမှုတွင် အဓိကတန်ဖိုးနှုန်းထားဖြစ်သည်။ သို့သော် ယခုဖြစ်ရပ်ကမူ ဒေသတွင်းမီဒီယာများတွင် ယင်းကုမ္ပဏီက အကဲပိုလွန်းခြင်းဖြစ် သည်ဟု ရေးသားဖော်ပြကြသည်။

ရိုရာဓလေ့အရ တရုတ်မိဘအများစုသည် ၎င်းတို့ သားသမီး ဝင်ငွေစတင် ဝင်လျှင် တစ်စိတ်တစ်ဒေသအားဖြင့် ရရှိခွင့်ရှိတတ်သည်။

တရုတ်နိုင်ငံတွင် သားသမီးကျင့်ဝတ် ပိုမိုဖြစ်ထွန်းရေးကို မြှင့်တင်ခြင်းငှာ ဥပဒေတစ်ရပ်ကိုလည်း ၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့သည်။ ယင်းဥပဒေအရ မိအိုဖအိုများနှင့် ခွဲနေကြသူ သားသမီးများအနေဖြင့် မိဘဖြစ်သူများထံ မကြာခဏသွားရောက်လည်ပတ်ရမည်ဟု အမိန့်ပြဌာန်းထားခြင်းပင်ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly